Trending Now

မြစ်ကြီးနား၌ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော် ထွက်ရှိ

Spread the love

မြစ်ကြီးနား၌ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော် ထွက်ရှိ

 

EPN
မြစ်ကြီးနား၊ မေ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေ့စဉ်စွန့်ပစ်နေရသည့် အမှိုက်တန်ချိန် (၁၅၀)ကျော် ရှိကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၂၈)ရပ်ကွက်လုံးတွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က နေ့စဉ် အမှိုက်သိမ်း ယာဉ်များဖြင့် လိုက်လံသိမ်းဆည်းပေးလျက်ရှိပြီး ထွက်ရှိသည့် အမှိုက်တန်ချိန်(၁၅၀)မှ တန် (၁၈၀)ခန့်ကို နေ့စဉ် စွန့်ပစ်နေရကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမိုးက ဆိုသည်။

”ဒီထွက်လာတဲ့ အမှိုက်တွေကို မြစ်ကြီးနားမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ နမ်ကျင်အမှိုက်ကန်မှာ သွားရောက် စွန့်ပစ်ရပါတယ်။”ဟု ဦးလှမိုးက ပြောသည်။

မြစ်ကြီးနားမြို့ပေါ် အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများကို Light Truck (၁၆)စီး၊ အလှုံပိတ် အမှိုက်သိမ်းယာဉ် (၂)စီး၊ ဖုန်စုတ်စက် (၁)စီး၊ သုံးဘီး (၃)စီး စုစုပေါင်း အမှိုက်သိမ်းဆည်းယာဉ် (၂၂)စီး တို့ဖြင့် မြို့သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

”သုံးဘီးကတော့ အမှိုက်သိမ်းယာဉ်အကြီးတွေ ဝင်လို့မရတဲ့ လမ်းသွယ်လေးတွေ လမ်းကြားလေး တွေမှာ ကျွန်တော်တို့ အမှိုက်သိမ်းခြင်း ဆောင်ရွက် လျက်ရှိပါတယ်”ဟု အမှုဆောင်အရာရှိ ဦးလှမိုးက ပြောသည်။
မြို့နယ်စည်ပင်အနေဖြင့် ယခုကဲ့သို့ အမှိုက်သိမ်းယာဉ်များဖြင့် လိုက်လံသိမ်းနေသော်လည်း လမ်းမကြီးနှင့် လမ်မကြီးနှင့်နီးသည့် လမ်းသွယ်လမ်းကြားနေ ရပ်ကွက်နေပြည်သူများအတွက် အဆင်ပြေသော်လည်း အချို့ လမ်းမကြီးနှင့်အလှမ်းဝေးသည့် ပြည်သူများအတွက်မှု များစွာ အခက်အခဲရှိကြောင်း ပမ္မတီးရပ်ကွက်နေ ဒေါ်မိုးမိုးက ယခုကဲ့သို့ ပြောပြသည်။

”ကားလမ်းဘေးမှာ နေတဲ့သူတွေကြတော့ အမှိုက်ကားလာရင် အမှိုက်ပစ်ရတာ အဆင်ပြေတယ်။ ကားလမ်းမနဲ့ ဝေးနေတဲ့ ရပ်ကွက်ထဲမှာနေတဲ့ သူတွေအတွက်ကြတော့ အဆင်မပြေဘူး။ ဆာလာအိတ် ထဲမှာ အမှိုက်ထည့် ထည့်ပြီးမှ ဈေးဘက်မှာ သွားပုံထားရတယ်။ ကားလာမှပဲ သွားပစ်နေရတယ်”ဟု ဒေါ်မိုးမိုးက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြစ်ကြီးနားမြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းအင်အား (၁၀၀)ကျော် အသုံးပြုထားပြီး ယာဉ်မောင်း(၂၀)ဦး၊ ယာဉ်မောင်းနောက်လိုက်(၄၀)ဦး၊ လမ်းမကြီးများတွင် နေ့စဉ် တံမြှက်စည်းသိမ်းသူ (၅၇)ဦး ပါဝင်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။