Trending Now

“လင်းလက်ဝါ” ရွှေပန်းထိမ်အိမ်ဆိုင်ကို ရဲအယောင်ဆောင်၍ စစ်မေးမည်ဟုဆိုကာ ဓားမြတိုက်ပြီး ရွှေထည်ပစ္စည်းများယူသွား

Spread the love

“လင်းလက်ဝါ” ရွှေပန်းထိမ်အိမ်ဆိုင်ကို ရဲအယောင်ဆောင်၍ စစ်မေးမည်ဟုဆိုကာ ဓားမြတိုက်ပြီး ရွှေထည်ပစ္စည်းများယူသွား

EPN
မန္တလေး၊ မတ် ၂၉ (၂၀၂၄)

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” ရွှေပန်းထိမ်အိမ်ဆိုင်အား ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်၍ စစ်မေးမည်ဟုဆိုကာ ဓားမြတိုက်ပြီး ရွှေထည်ပစ္စည်းများကို ယူသွားခဲ့မှု ယမန်နေ့ (မတ် ၂၈ ရက်)၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ ညနေ ၅ နာရီကျော်ခန့်က ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ထားသူတစ်ဦး အပါအဝင် အမျိုးသား (၄)ဦးသည် ကားနံပတ်အား ဆေးသုတ်ဖျက်ထားသော Mark ll (အဖြူရောင်)ကားဖြင့် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ လမ်းနှင့်လမ်း ၉၀ ကြားရှိ “လင်းလက်ဝါ” ရွှေပန်းထိမ်အိမ်ဆိုင်သို့ သေနတ်များကိုင်ဆောင်၍ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောက်ရှိလာပြီးနောက် စစ်မေးစရာရှိသည်ဟုဆိုကာ အိမ်ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ အိမ်ဆိုင်၏ (၃)ထပ်အထိ တက်ရောက်၍ ရွှေထည်ပစ္စည်းများဖြစ်သည့် ရွှေကလစ်၊ ရွှေလက်စွပ်နှင့် ရွှေနားဆွဲများကိုယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများကိုကြည့်ရှု၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။