Trending Now

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေလို့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း တီမိုရု့စ်ခ်ကို ယူကရိန်းအက်ဖ်အေအရေးယူ

Spread the love

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေလို့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း တီမိုရု့စ်ခ်ကို ယူကရိန်းအက်ဖ်အေအရေးယူ

EPN

အားကစား၊ မတ် ၁၁

တီမိုရု့စ်ခ်ဟာ ယူကရိန်းလက်ရွေးစင် ဘောလုံးအသင်း အတွက် ပွဲအရေအတွက်အများဆုံး ကစားပေးထားသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ ကစားသမားဘဝက အနားယူပြီး ရုရှားဇင်းနစ်အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်လျှက် ရှိပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေချိန်မှာ တိုင်မိုရု့စ်ခ်ကတော့ သူ့ရဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း အခုချိန်ထိ တရားဝင်ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ကမ္ဘာကျော် ဟဲဗီးဝိတ် ချန်ပီယံညီအစ်ကို နှစ်ယောက် ဖြစ်တဲ့ ကလစ်ချ်ကို ညီနောင်ဟာ လက်နက်ဆွဲကိုင် ပြီးရုရှားကို တော်လှန်နေကြသလို အေစီမီလန် တိုက်စစ်မှုးဟောင်း ရှက်ဖ်ချန်ကို ဟာလည်း သတင်းဌာနကြီးတွေ နဲ့ တွေ့ဆုံကာ အင်တာဗျူးတွေဆက်တိုက် ဖြေဆိုလျှက် ရှိနေပါတယ်။

ဒါ့ကြောင့် ယူကရိန်းအက်ဖ်အေ ကတော့ တီမိုရု့စ်ခ် ကို ထုတ်ပေးထားတဲ့ နည်းပြလိုင်စင်ကို ရုပ်သိမ်းပေးဖို့ နဲ့ သူ့ကို ချီးမြှင့်ထားတဲ့ဆုတွေ အားလုံးပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၄၂ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကစားသမားဟောင်းကြီး တီမိုရု့စ်ခ်ဟာ ယူကရိန်းနိုင်ငံ လက်ရွေးစင် အသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ၄ နှစ်ကြာတာဝန်ယူကစားခဲ့သလို စုစုပေါင်း ၁၄၄ ပွဲ အထိကစားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

၂၀၁၇ မှစတင်ကာ လက်ရှိအချိန်အထိ ရုရှားကလပ်ဇင်းနစ်မှာ လက်ထောက်နည်းပြအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး ရုရှားက ယူကရိန်းကိုကျူးကျော်နေချိန်မှာတောင် နှုတ်ဆိတ်နေလို့ ယူကရိန်းအက်ဖ်အေ က သူ့ရဲ့နည်းပြ လိုင်စင်တွေ၊ ယူကရိန်ပြည်တွင်း ရယူခဲ့တဲ့ ဆုတံဆိပ်တွေ အားလုံး ရုပ်သိမ်းပစ်ဖို့ နဲ့ လက်ရွေးစင် ကစားသမား စာရင်းမှတ်တမ်းကနေ ဖယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Source – sport


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။