Trending Now

ဗန်းမော်တွင် ညီအကိုနှစ်ယောက် စကားများရန်ဖြစ်ရာမှ အကိုဖြစ်သူကို ညီဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

Spread the love

ဗန်းမော်တွင် ညီအကိုနှစ်ယောက် စကားများရန်ဖြစ်ရာမှ အကိုဖြစ်သူကို ညီဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

EPN
မြစ်ကြီးနား ၊ ဇွန်လ ၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါက်ကုန်းရပ်ကွက်တွင် ညီအကိုနှစ်ယောက်စကားများရာမှ အကိုဖြစ်သူကို ညီဖြစ်သူမှ ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က အကိုဖြစ်သူ နန္ဒစည်သူမှာ အရက်မှုးပြီး အိမ်အတွင်း ဆူပူအော်ဟစ်ခြင်း၊ပတ်ဝန်းကျင်အား အော်ဟစ်ဆဲဆိုခြင်းများပြုလုပ်နေသောကြောင့် ညီဖြစ်သူ မင်းသန့်ပိုင်မှ မလုပ်ရန်တားမြစ်ခဲ့သော်လည်း အကိုဖြစ်သူမှ ကြက်သားခုတ်ဓားဖြင့် ခုတ်ရန်ပြုလုပ်သဖြင့် ညီဖြစ်သူမင်းသန့်ပိုင်မှ ဓားကိုလုယူ၍ အကိုဖြစ်သူကို ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကိုဖြစ်သူ နန္ဒစည်သူမှာ နားထင်၊ ဂုတ်နှင့် နောက်ကျောတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ မင်းသန့်ပိုင်(၂၁)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (အမှုကြီးအမှတ်စဉ် ၅/၂၀၂၂)ဖြင့် ဗန်းမော်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။