Trending Now

ပြင်သစ်လေတပ်၏ တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဘကီနာဖာဆိုရှိ တိုက်ခိုက်ရေးသမား ၄၀ သေဆုံး

Spread the love

ပြင်သစ်လေတပ်၏ တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဘကီနာဖာဆိုရှိ တိုက်ခိုက်ရေးသမား ၄၀ သေဆုံး
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ဘီနင်နိုင်ငံအတွင်း အသေခံတိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသည့် ဘာကီနာဖာဆိုရှိ တိုက်ခိုက်ရေးသမား ၄၀ ကို ပြင်သစ်က လေကြောင်းတိုက်ခိုက်မှုဖြင့် တန်ပြန်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း နီဂျာနိုင်ငံနှင့် ဘာကီနာဖာဆိုနိုင်ငံတို့ ထိစပ်နေသော ဘီနင်နိုင်ငံ မြောက်ဘက်ရှိ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော W National Park တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း ပြင်သစ်နိုင်ငံသား ကိုးဦးသေဆုံးခဲ့သည်။
ပြင်သစ်ဦးဆောင်သော ဘာကင်း တပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများ မလုပ်ဆောင်မီ စစ်တပ်၏ အထွေထွေ ကွပ်ကဲမှုဖြင့် W National Park တိုက်ခိုက်မှုအတွက် တာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့ကို ရှာဖွေရန် လေကြောင်းထောက်လှမ်းရေးကို အသုံးပြုခဲ့ကြောင်း ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့မှ စတင်ကာ လမ်းဘေးဗုံး ၂ လုံး ဖောက်ခွဲမှုကြောင့် ပန်းခြံစောင့် လုံခြုံရေးဝန်ထမ်းငါးဦး၊ ပန်းခြံအရာရှိတစ်ဦး၊ စစ်သားတစ်ဦးနှင့် ပြင်သစ်လေ့ကျင့်ရေးဆရာတစ်ဦးတို့ သေဆုံးခဲ့သည်။
ယင်းနောက် နှစ်ရက်အကြာတွင် ပန်းခြံအရာရှိတစ်ဦး ပေါက်ကွဲမှုကြောင့် ထပ်မံသေဆုံးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရသူများထဲတွင် အသက် ၅၀ အရွယ် နိုင်ငံသားတစ်ဦးလည်း ပါဝင်သည်ဟု ပြင်သစ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဘီနင်နိုင်ငံသည် အနောက်အာဖရိကတွင် ပိုမိုတည်ငြိမ်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်မှာကြာပြီဖြစ်သော်လည်း မကြာသေးမီကာလအတွင်း အယ်လ်ကေးဒါးနှင့် အိုင်စက်(စ်) တိုက်ခိုက်ရေးသမားများ၏ ခြိမ်းခြောက်မှု ကိုခံနေရသည့် ဆာဟဲ နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်သည်။
— ကိုးကား —
Aljazeera
Ref; French air raids kill 40 fighters in Burkina Faso

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။