Trending Now

ဗန်းမော်၌ လူစည်ကားသည့် ဈေးများ၌ နှာခေါင်းစည်းများ ဝေငှပြီး အသိပညာပေးဆောင်ရွက်နေ

Spread the love

ဗန်းမော်၌ လူစည်ကားသည့် ဈေးများ၌ နှာခေါင်းစည်းများ ဝေငှပြီး အသိပညာပေးဆောင်ရွက်နေ

EPN
ဗန်းမော်၊ မေ ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လူစည်ကားသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့မှ နှာခေါင်းစည်းများဝေငှကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် မေ ၂၂ ရက် နံနက် ၈ နာရီမှစတင်၍ ဗန်းမော်မြို့၊ ကမ်းနားလမ်းဈေး၊ ကုက္ကိုလ်တောဈေး၊ အမှတ်(၂)ဈေး၊ အမှတ်(၁)ဈေးတို့၌ ဈေးအတွင်းနှင့်ဈေးအပြင် လမ်းတို့တွင် ဖြတ်သန်းသွားလာနေကြသူများ၊ ဈေးရောင်းနေကြသူများ ၊ ဈေးဝယ်နေကြသူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်း၊ နှာခေါင်းစည်းတပ်ကြရန် အသိပညာပေးခြင်း၊ COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ အသိပညာပေးဆောင်ရွက်နေရာ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ အမှတ် (၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။