Trending Now

ခတ်ချိုကျေးရွာတွင် ပြည်ပမှပြန်လာသည့် လူ ၁၆ ဦးကို သီးသန့်ထား စောင့်ကြည့်နေ

Spread the love

ခတ်ချိုကျေးရွာတွင် ပြည်ပမှပြန်လာသည့် လူ ၁၆ ဦးကို သီးသန့်ထား စောင့်ကြည့်နေ
 

EPN
ဝိုင်းမော်၊ မတ် ၃၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတွင် ထိုင်းနိုင်ငံမှ ပြန်လာပြီး COVID-19 ရှိ၊ မရှိ စောင့်ကြည့်ရန် သီးသန့်ထားရှိသည့် လူ (၁၆)ဦးရှိကြောင်း ခတ်ချိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ခတ်ချိုကျေးရွာမှ ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ဝင်ရောက်လာသူများကို မတ်လ (၂၇)ရက်နေ့မှ စတင်ကာ ခတ်ချိုအထက်တန်းကျောင်း၌ စောင့်ကြည့်ရန် လိုအပ်သူများအဖြစ် ထားရှိစောင့်နေပြီး ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ပေးနေကြောင်း ခတ်ချိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလောဆွန့်က ဆိုသည်။

“သူတို့ကို တစ်နေ့နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးပေးတယ်။ ခုလောလောဆယ် ကျန်းမာရေးတော့ ကောင်းပါတယ်။ နေရာထိုင်ခင်းကအစ အကောင်းဆုံး ပြင်ဆင်ပေးထားတယ်”ဟု ဦးလောဆွန့်က ပြောသည်။

ခတ်ချိုကျေးရွာ ဒေသခံများအနေဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံ၌ အများဆုံးသွားရောက်လုပ်ကိုင်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာ သူများရှိပါက အချိန်နှင့် တပြေးညီ စုံစမ်းကာ သီးသန့်ထား၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။