လူမသိတဲ့သူရဲေကာင္းေတြ (၂)
ဘာ ဘယ္လိုေျပာလိုက္တယ္
ဆရာႀကီးကိုလာႀကိဳတဲ့ရြာသားဟာ ကြၽန္မအမ်ိဳးသားပါပဲလို႔ ျပန္ေျဖလိုက္တဲ့ ခဏ ျဖစ္သြားတဲ့ ေက်ာင္းစစ္ဆရာႀကီးရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး သူ႔ရင္ထဲမွာဘာမွမခံစားရေတာ့ပါဘူး အရင္ဆရာႀကီးေတြ လည္းဒီလိုပဲေမးေနက်
ဒီလိုပဲျဖစ္ေနက်
သူအသက္ ၁၆ ႏွစ္မွာ ၁၀တန္းေအာင္တယ္ ပညာေရးေကာလိပ္ ဆက္တက္တယ္ ၁၈ ႏွစ္ေက်ာ္ေက်ာ္ေလးမွာ ဒီရြာေလးကိုတာဝန္က်တယ္ ရြာနာမည္ကို တခါမွမၾကားဖူးလို႔ ေျမပံုေပၚမွာေတာင္ လိုက္႐ွာရေသးတယ္ ျမန္မာႏိုင္ငံရဲ႕ အစြန္အဖ်ား မဖြံ႔ၿဖိဳးေသးတဲ့ ေဒသ နယ္ေျမကလည္း မၿငိမ္းခ်မ္းဘူးဆိုလား
လမ္းထိပ္ထိေတာင္ေစ်းထြက္မဝယ္ခိုင္းတဲ့ မိဘေတြက မသြားဖို႔ အတန္တန္တားၾကေပမယ့္ သူကေတာ့ေခါင္းမာတယ္ သူျဖစ္ျခင္တဲ့ ဆရာမဘဝ ရေအာင္လုပ္မယ္ အေမရယ္ မပူပါနဲ႔ အဲဒီရြာက တစ္ႏွစ္ေဒသဆိုလားပဲ သမီးသိပ္ၾကာၾကာမေနရေလာက္ပါဘူး ျပန္လာခဲ့မွာပါ စသျဖင့္ ကတိေတြေပး ႏွစ္သိမ့္စကားေတြေျပာခဲ့ၿပီး ေမ်ွာ္လင့္ခ်က္ေတြနဲ႔ စိတ္ကူးယဥ္ၿပီး သူထြက္လာခဲ့တယ္
တကယ့္လက္ေတြ႔ဘဝဟာ စိတ္ကူးယဥ္ထားသလို အစီအစဥ္တက် ျဖစ္လာတာမဟုတ္ဘူးဆိုတာ သူသိလိုက္ရခ်ိန္မွာေတာ့ ေျခလွမ္းေတြက ေနာက္ဆုပ္ဖို႔မလြယ္ကူေတာ့ဘူး ေခ်ာင္းေတြ ျမစ္ေတြ သစ္ေတာေတြ ေမ်ွာ့ေတြ ကြၽတ္ေတြ ေသနတ္သံ လက္နက္ႀကီးသံေတြ ဘာသာမတူ စကားမတူ အစားမတူ လူေတြၾကားမွာအဆင္ေျပေအာင္ ေနတတ္ဖို႔သူႀကိဳးစားခဲ့ရတယ္
ေရအေျပာင္းအလဲ ေျမအေျပာင္းအလဲ ေဒသအေျပာင္းအလဲမွာ ေနသားမက်ပဲ မၾကာခဏဖ်ားတတ္တဲ့သူ ပါရာစီတေမာေတာင္ ဝယ္စရာမရိွလို႔ အနီးဆံုးေဆးခန္းေလးရိွရာရြာကို ေရာက္ဖို႔အတြက္ ရြာထဲက သေဘာေကာင္း တဲ့ သူ႔အရြယ္တိုင္းရင္းသားလူငယ္ေကာင္ေလး တစ္ေယာက္ရဲ႕ ဆိုင္ကယ္ေနာက္ကေန ခါးကိုတင္းတင္းဖက္ရင္းလိုက္ရတဲ့အခါ သူ႔လက္ေမာင္းကိုဆုပ္ကိုင္ၿပီး ေမ်ွာ့ေတြျပည့္ေနတဲ့ ရႊံ ့ဗြက္ ေတြကိုေက်ာ္ျဖတ္ရတဲ့အခါ က်န္ခဲ့တဲ့မိဘေတြနဲ႔ေပးခဲ့တဲ့ကတိေတြ ကို သူသတိရမေနႏိုင္ေတာ့ဘူး
ရြာထဲက ေက်ာင္းသားေလးေတြ လာမအိပ္ႏိုင္တဲ့တစ္ည သူအဖ်ားေတြတက္ၿပီး အားငယ္ေနတဲ့တစ္ည ဟိုးအေဝးက မိုးၿခိမ္းသံလိုလို လက္နက္ႀကီးသံလိုလိုၾကားရတဲ့ တစ္ညမွာေတာ့ အလည္လာတဲ့ လူငယ္ေလးရဲ႕ ႏူးႏူးညံ့ညံ့အားေပးဆုပ္ကိုင္လာတဲ့ လက္ကေလးတစ္စံုကို သူကိုယ္တိုင္ မျငင္းဆန္ႏိုင္ေတာ့ဘူး ဒီလိုနဲ႔
ဒီရြာမွာပဲ ၁၀ ႏွစ္ဆိုတာမျဖစ္သင့္ပါဘူး အေျပာင္းတင္ပါ ငါတို႔ကူညီ ပါ့မယ္ဆိုတဲ့ လာသမ်ွဆရာႀကီးေတြရဲ႕စကား သူ မေလးစားတာမဟုတ္ပါဘူး ငါေသေတာင္ညီးမလာခဲ့နဲ႔ဆိုတဲ့ မိဘေတြရဲ႕ ခံစားခ်က္ကိုလည္း သူမသိတာ မဟုတ္ပါဘူးေလ
သူ႔ရင္ထဲက သူ မေျပာျပျခင္ေတာ့တဲ့ အရာရာေတြအတြက္ နားလည္ေပးဖို႔လည္း ဘယ္သူ႔ကိုမွ မေတာင္းဆိုျခင္ေတာ့ပါဘူး ဘယ္သူမွ နားမလည္ျခင္ေန အသိအမွတ္မျပဳျခင္လည္းေနပါေစေတာ့ မဂၤလာပါ ဆရာမဆိုတဲ့ အသံခ်ိဳခ်ိဳနဲ႔ နံနက္တိုင္းႏႈတ္ဆက္လာမယ့္ ဒီရြာက အျပံဳးခ်ိဳခ်ိဳ ညစ္ေထးေထး ကေလးေလးေတြအတြက္ေတာ့ ဒီရြာမွာ သူဆက္ရိွေနရအုန္းမွာပါပဲေလ
U Nyein Aye #
လူမသိတဲ့သူရဲကောင်းတွေ (၂)
ဘာ ဘယ်လိုပြောလိုက်တယ်
ဆရာကြီးကိုလာကြိုတဲ့ရွာသားဟာ ကျွန်မအမျိုးသားပါပဲလို့ ပြန်ဖြေလိုက်တဲ့ ခဏ ဖြစ်သွားတဲ့ ကျောင်းစစ်ဆရာကြီးရဲ့ မျက်နှာကို ကြည့်ပြီး သူ့ရင်ထဲမှာဘာမှမခံစားရတော့ပါဘူး အရင်ဆရာကြီးတွေ လည်းဒီလိုပဲမေးနေကျ ဒီလိုပဲဖြစ်နေကျ
သူအသက် ၁၆ နှစ်မှာ ၁၀တန်းအောင်တယ် ပညာရေးကောလိပ် ဆက်တက်တယ် ၁၈ နှစ်ကျော်ကျော်လေးမှာ ဒီရွာလေးကိုတာဝန်ကျတယ် ရွာနာမည်ကို တခါမှမကြားဖူးလို့ မြေပုံပေါ်မှာတောင် လိုက်ရှာရသေးတယ် မြန်မာနိုင်ငံရဲ့ အစွန်အဖျား မဖွံ့ဖြိုးသေးတဲ့ ဒေသ နယ်မြေကလည်း မငြိမ်းချမ်းဘူးဆိုလား
လမ်းထိပ်ထိတောင်ဈေးထွက်မဝယ်ခိုင်းတဲ့ မိဘတွေက မသွားဖို့ အတန်တန်တားကြပေမယ့် သူကတော့ခေါင်းမာတယ် သူဖြစ်ခြင်တဲ့ ဆရာမဘဝ ရအောင်လုပ်မယ် အမေရယ် မပူပါနဲ့ အဲဒီရွာက တစ်နှစ်ဒေသဆိုလားပဲ သမီးသိပ်ကြာကြာမနေရလောက်ပါဘူး ပြန်လာခဲ့မှာပါ စသဖြင့် ကတိတွေပေး နှစ်သိမ့်စကားတွေပြောခဲ့ပြီး မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်ပြီး သူထွက်လာခဲ့တယ်
တကယ့်လက်တွေ့ဘဝဟာ စိတ်ကူးယဉ်ထားသလို အစီအစဉ်တကျ ဖြစ်လာတာမဟုတ်ဘူးဆိုတာ သူသိလိုက်ရချိန်မှာတော့ ခြေလှမ်းတွေက နောက်ဆုပ်ဖို့မလွယ်ကူတော့ဘူး ချောင်းတွေ မြစ်တွေ သစ်တောတွေ မျှော့တွေ ကျွတ်တွေ သေနတ်သံ လက်နက်ကြီးသံတွေ ဘာသာမတူ စကားမတူ အစားမတူ လူတွေကြားမှာအဆင်ပြေအောင် နေတတ်ဖို့သူကြိုးစားခဲ့ရတယ်
ရေအပြောင်းအလဲ မြေအပြောင်းအလဲ ဒေသအပြောင်းအလဲမှာ နေသားမကျပဲ မကြာခဏဖျားတတ်တဲ့သူ ပါရာစီတမောတောင် ဝယ်စရာမရှိလို့ အနီးဆုံးဆေးခန်းလေးရှိရာရွာကို ရောက်ဖို့အတွက် ရွာထဲက သဘောကောင်း တဲ့ သူ့အရွယ်တိုင်းရင်းသားလူငယ်ကောင်လေး တစ်ယောက်ရဲ့ ဆိုင်ကယ်နောက်ကနေ ခါးကိုတင်းတင်းဖက်ရင်းလိုက်ရတဲ့အခါ သူ့လက်မောင်းကိုဆုပ်ကိုင်ပြီး မျှော့တွေပြည့်နေတဲ့ ရွှံ့ဗွက် တွေကိုကျော်ဖြတ်ရတဲ့အခါ ကျန်ခဲ့တဲ့မိဘတွေနဲ့ပေးခဲ့တဲ့ကတိတွေ ကို သူသတိရမနေနိုင်တော့ဘူး
ရွာထဲက ကျောင်းသားလေးတွေ လာမအိပ်နိုင်တဲ့တစ်ည သူအဖျားတွေတက်ပြီး အားငယ်နေတဲ့တစ်ည ဟိုးအဝေးက မိုးခြိမ်းသံလိုလို လက်နက်ကြီးသံလိုလိုကြားရတဲ့ တစ်ညမှာတော့ အလည်လာတဲ့ လူငယ်လေးရဲ့ နူးနူးညံ့ညံ့အားပေးဆုပ်ကိုင်လာတဲ့ လက်ကလေးတစ်စုံကို သူကိုယ်တိုင် မငြင်းဆန်နိုင်တော့ဘူး ဒီလိုနဲ့
ဒီရွာမှာပဲ ၁၀ နှစ်ဆိုတာမဖြစ်သင့်ပါဘူး အပြောင်းတင်ပါ ငါတို့ကူညီ ပါ့မယ်ဆိုတဲ့ လာသမျှဆရာကြီးတွေရဲ့စကား သူ မလေးစားတာမဟုတ်ပါဘူး ငါသေတောင်ညီးမလာခဲ့နဲ့ဆိုတဲ့ မိဘတွေရဲ့ ခံစားချက်ကိုလည်း သူမသိတာ မဟုတ်ပါဘူးလေ
သူ့ရင်ထဲက သူ မပြောပြခြင်တော့တဲ့ အရာရာတွေအတွက် နားလည်ပေးဖို့လည်း ဘယ်သူ့ကိုမှ မတောင်းဆိုခြင်တော့ပါဘူး ဘယ်သူမှ နားမလည်ခြင်နေ အသိအမှတ်မပြုခြင်လည်းနေပါစေတော့ မင်္ဂလာပါ ဆရာမဆိုတဲ့ အသံချိုချိုနဲ့ နံနက်တိုင်းနှုတ်ဆက်လာမယ့် ဒီရွာက အပြုံးချိုချို ညစ်ထေးထေး ကလေးလေးတွေအတွက်တော့ ဒီရွာမှာ သူဆက်ရှိနေရအုန်းမှာပါပဲလေ
U Nyein Aye #