Trending Now

(၇၄)နှစ်မြှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်‌စုပေါင်း သွေးလှူဒါန်းပွဲကျင်းပ

Spread the love

(၇၄)နှစ်မြှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်‌စုပေါင်း သွေးလှူဒါန်းပွဲကျင်းပ

EPN
မြစ်ကြီးနား၊ မေ ၅

၂၀၂၀ပြည့်နှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ မြိုမရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက တက်ရောက်အားပေးခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၄)ဦး စုစုပေါင်း(၆၄)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဝင်းထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဟာရမုန့်နှင့် အချိုရည်များကို ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များဖြစ်ကြသည့် ဒေါခန်းရင်အထည်ဆိုင်၊ City Park Royalနှင့် မြစ်ဆုံ ဟိုတယ်တို့မှ သွေးလှူဒါန်းခဲ့သည့်တပ်ဖွဲ့ဝင်များကို အဟာရမုန့်နှင့် အချိုရည်များကို လှူးဒါန်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

သတင်း၊ ဓါတ်ပုံ – ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။