Trending Now

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်

Spread the love

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

၂၀၂၃ -၂၀၂၄ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု အများဆုံး အဆင့် ၈ ချိတ်ခဲ့ကြောင်း Seasia stats သတင်း‌ဖော်ပြချက်အရ သိရသည်။

အဆိုပါ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ဆန်တင်ပို့မှုအများဆုံး စာရင်း၀င်များမှာ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဥရုဂွေးနိုင်ငံ တို့ဖြစ်သည်။

မြန်မာနိုင်ငံအ‌နေဖြင့် ၂၀၂၃ -၂၀၂၄ခုနှစ်တွင် ပြည်ပသို့ ဆန်မက်ထရစ်တန်ချိန် ၁၈၀၀ကျော် တင်ပို့ခဲ့ပြီး၊ မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ ဗီယက်နမ်၊ United Kingdom၊ အင်ဒိုနီးရှား စသည့် နိုင်ငံများသို့ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုနှစ်၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ပသို့ ဆန်တန်ချိန် (၂) သိန်းကျော် တင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် များများတင်ပိုနိုင်ရန်ထက် ဝင်ငွေပိုရသည့် ဆန်ကွဲ၊ ဆန်ဖြူနှင့် ပေါင်းဆန် အပါအဝင် တန်ဖိုးမြင့်ဆန်များကို ဦးစားပေး တင်ပို့ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။