Trending Now

စစ်မှုထမ်းနေသည့် အသက် ၁၈ နှစ်မပြည့်သေးသူများကို မိဘများထံ ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ကြောင်း န.စ.က ထုတ်ပြန်

Spread the love

စစ်မှုထမ်းနေသည့် အသက် ၁၈ နှစ်မပြည့်သေးသူများကို မိဘများထံ ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ကြောင်း န.စ.က ထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၁၄

တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူ ၂၈ ဦးကို စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ပြု၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် နုတ်ထွက်ခွင့်ရရှိသူ ၂၈ ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းဖော်ပြထားသည်။

အလားတူ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများ ကို ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်၍ ယခု ၁၇ ကြိမ်မြောက်အဖြစ် ၂၈ ဦး လွှဲပြောင်းပေးပြီးပါက စုစုပေါင်း ၁၀၅၇ ဦးအထိ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

တပ်မတော်အနေဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူများ တပ်မတော် အတွင်း ဝင်ရောက်လာမှု မရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြောင်း အမျိုးမျိုးဖြင့်မှားယွင်းစုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။