Trending Now

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မေ ၁၂

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် အမျိုးသား နှစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်မှ ငွေကျပ် ၂၁၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပဲခူးမြို့နယ်၊ ရွှေသံလွင် ပူးပေါင်း စစ်ဆေး ရေးဂိတ်တွင် မေလ ၁၁ ရက်နေ့ ည ၈နာရီ အချိန်ခန့်တွင် ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ တင်ဝင်း မောင်းနှင်ပြီး စိုးနိုင် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၄၁၇၆၅ ပြား(ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၂၁၂၆.၄၇၅ သိန်း) ကို သိမ်းဆည်းရမိခဲခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူယစ်ဆေးဝါးများကို ၎င်းတို့နှစ်ဦး အတူတကွသယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ တင်ဝင်း (၅၀) နှစ် နှင့် စိုးနိုင်(ခ)ဒါမှာသွန်လာ(၄၀)နှစ်တို့အား ဘုရားကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MM


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။