Trending Now

ရွေးကောက်ပွဲကျင်းပမည့်အချိန် ရွေ့ဆိုင်ရန် ရှိမရှိဆိုသည်မှာ အခြေအနေကြည့်ပြီး ဆုံးဖြတ်သွားမည်ဟု န.စ.က ဥက္ကဌပြော

Spread the love

ရွေးကောက်ပွဲကျင်းပမည့်အချိန် ရွေ့ဆိုင်ရန် ရှိမရှိဆိုသည်မှာ အခြေအနေကြည့်ပြီး ဆုံးဖြတ်သွားမည်ဟု န.စ.က ဥက္ကဌပြော

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

ရွေးကောက်ပွဲကျင်းပမည့်အချိန်ရွေ့ဆိုင်ရန် ရှိမရှိဆိုသည်မှာ အခြေအနေကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်သည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည်ရန်လိုအပ်ကြောင်း န.စ.က ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရုရှားသတင်းဌာန RIA အထူးသတင်းထောက်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စက်တင်ဘာ ၆ ရက်နေ့ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ တွေ့ဆုံစဉ် ရုရှားသတင်းထောက်က လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အခြေအနေများကြောင့် လာမည့်ကာလတိုအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိမနိုင်ဟု သုံးသပ်မိသည့်အတွက် အချိန်ကာလ တစ်ခုအထိရွှွေ့ဆိုင်းရန်ရှိမရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့ အခုချိန်မှာပြောဖို့ စောသေးတယ်။ နောက်ထပ်အချိန် လေးငါးလ လောက်ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေ ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ချက်ချင်းကောက်ပြီးတော့ ကြိုပြီးဆုံးဖြတ်လို့မရပါဘူး။ အခြေအနေကို ကျွန်တော်တို့ကြည့်ရမှာ ဖြစ်ပါတယ်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲဖြစ်ခြင်းမဖြစ်ခြင်းဆိုသည်မှာ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်းအေးချမ်းမှုအပေါ်တွင် မှုတည်ကြောင်း၊ န.စ.က. အနေဖြင့်လည်း ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားအထူးသတင်းထောက်နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီနေရာမှာ တစ်ချက်တော့ရှိတာပေါ့နော် ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပဲ။ နောက်ပြီးတော့ အပြင်ကနေ ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့လိုပါတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ ခံစားချက်ကို သူတို့ဆန္ဒဖော်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကဒီဟာကိုရအောင် ကျွန်တော်တို့ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်အတွင်း PR စနစ်ကို အသုံးပြုပြီး ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း မည်သည့်အချိန်တွင် ကျင်ပပြုလုပ်မည်ကိုမှု အတိအကျထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သက်တမ်းကုန်ဆုံးမှာဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။