Trending Now

ခရီးသည်တင်မော်တော်ယာဉ် ဝမ်းဗိုက်အတွင်း သယ်ဆောင်လာသည့် လက်နက်အမြောက်အများ မုံရွာ မြို့နယ်တွင် ဖမ်းဆီးရမိ

Spread the love

ခရီးသည်တင်မော်တော်ယာဉ် ဝမ်းဗိုက်အတွင်း သယ်ဆောင်လာသည့် လက်နက်အမြောက်အများ မုံရွာ မြို့နယ်တွင် ဖမ်းဆီးရမိ
EPN
မုံရွာ၊ သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေအိုးစဉ်ကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ် ဝမ်း ဗိုက်အတွင်း တင်ဆောင်လာသော ဆောင်းဘောက်နှင့် အဲကိုလာအတွင်း ထည့်သွင်းထားသည့် လက်နက် အမြောက်အများ ဖမ်းဆီးရမိကြောင်း သိရသည်။
သြဂုတ်လ (၁၉) ရက် နံနက် (၉) နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရန်ကုန်မြို့မှ ရေဦးမြို့သို့ မောင်း နှင်လာသည့် သစ္စာဦး ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာတွင် ထိုသို့ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် လက်နက်များမှာ M-4 သေနတ် (၁) လက်၊ ပစ္စတိုသေနတ် (၄) လက်၊ ၉-မမ ကျည်ဆံ (၅၀၀) တောင့်ကျော်နှင့် ဒရုန်း (၁) စီးတို့ ဖြစ်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။