Trending Now

ဟိုပင်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

Spread the love

ဟိုပင်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

EPN
ဟိုပင်၊ မတ် ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြပွဲ၊ပြိုင်ပွဲများကို ယမန့်နေ့၊ မတ်လ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲကို ကျောင်းသားလူငယ်များအား ပန်းချီစွမ်းရည် တိုးတက်လာစေရန်၊ စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်အတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသသည့် မူယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရွှေနဒီ နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။