Trending Now

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (U-16) အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

Spread the love

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (U-16) အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

EPN
မြစ်ကြီးနား၊ သြဂုတ် ၁

ကချင်ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ်နှင့် အောက် (U-16) အမျိုးသား ဘောလုံးပြိုင်ပွဲကို လာမည် ဩဂုတ်လအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို အခြေခံ ပညာကျောင်းများကို ဦးတည်ကာ မျိုးဆက်သစ် ကစားသမားငယ်များ ပေါက်ထွန်းလာနိုင်ဖို့ ရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်းနှင်း ယင်းပြိုင်ပွဲမှ ကစားသမားကောင်းများ ရွေးချယ်ကာ အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် တိုင်းနှင့်ပြည်နယ်ပေါင်းစုံ အသက် ၁၆ နှစ်နှင့် အောက် (U-16) အမျိုးသား ဘောလုံးပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုအသင်း ဖွဲ့စည်း ယှဉ်ပြိုင်သွားမည်ဟု ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုသြဂုတ်လအတွင်းမှာ ကစားမယ့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ်နှင့် အောက် (U-16) အမျိုးသား ဘောလုံးပြိုင်ပွဲကို ပြည်နယ် အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်၊ အဓိက က အသက် ၁၆ နှစ်နှင့် အောက်ဆိုတော့ ကျောင်းနေအရွယ် မျိုးဆက်သစ်လူငယ်တွေကိုရည်ညွှန်းတယ်၊ ပြင်ပက ကစားသမားငယ်တွေလဲ သက်ဆိုင်ရာ မြို့နယ်တွေကနေ ဝင်ရောက်ယှဥ်ပြိုင်လို့ ရပါတယ်။” ဟု ၎င်းက ဆိုသည်။

အနာဂတ် မျိုးဆက်သစ်များအတွက် ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကစားသမားငယ်များ ပေါ်ထွက်လာနိုင်ပြီ အခြေခံကောင်းမွန်သည့် နိုင်ငံကိုယ်စားပြု ကစားသမားကောင်းများ ပေါ်ထွန်းလာနိုင်သည့် အတွက် လူငယ်ဘောလုံး ပြိုင်ပွဲများကို စဥ် ဆက်မပျက်ပြုလုပ်ပေးစေလိုကျောင်း မြစ်ကြီးနားမြို့ U16 အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုလို ကလေးငယ်တွေကို ပြိုင်ပွဲတွေ ပြုလုပ်ပေးနိုင်ရင် ၊ ကစားသမားကောင်းလေးတွေပေါ်ထွက်လာမယ် ဒီကနေ အခြေခံ ကောင်းကောင်းနဲ့ လေကျင့်ပေးနိုင်ရင် ပြိုင်ပွဲတွေ စဥ်ဆက်မပျက်ပြုလုပ်ပေးနိုင်ရင် နိုင်ငံအတွက် ကစားသမားကောင်းတွေ ပေါ်ထွက်လာနိုင်ပါတယ်၊ ဒါကြောင့် ပြိုင်ပွဲတွေကို အခါအားလျော်စွာ ပြုလုပ်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (U-16) အမျိုးသားဘောလုံးပြိုင်ပွဲကို ယခု သြဂုတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၀ ရက်ကြာ ကစားသွားမည်ဖြစ်ကာ အုပ်စု ၂ ခုခွဲကာ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။