Trending Now

အစ္စရေးရဲ့ နျူကလီးယားမှတ်ချက်က မေးခွန်းထုတ်စရာအများအပြားကို ဖြစ်ပေါ်စေခဲ့တယ်လို့ ရုရှားပြော

Spread the love

အစ္စရေးရဲ့ နျူကလီးယားမှတ်ချက်က မေးခွန်းထုတ်စရာအများအပြားကို ဖြစ်ပေါ်စေခဲ့တယ်လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၈

ဂါဇာကမ်းမြောင်ဒေသကို နျူကလီယားတိုက်ခိုက်မှုပြုလုပ်နိုင်တယ်လို့ ပြောဆိုခဲ့တဲ့ အစ္စရေးဝန်ကြီးတစ်ဦးရဲ့ မှတ်ချက်ဟာ ကြီးမားတဲ့ မေးခွန်းတွေကို ထွက်ပေါ်စေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအပေါ် နျူကလီးယားလက်နက် အသုံးပြုရေးဟာ ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေတယ်လို့ အစ္စရေးအမွေအနှစ်ဝန်ကြီး အာမိဟေး ဧလိယာဟုက ရေဒီယိုအင်တာဗျူးတစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအင်တာဗျူးနဲ့ ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ်တန်နေရာဟုက အာမိဟေးကို ညွှန့်ပေါင်းအစိုးရရဲ့ နောက်တပ်သတိပေးချက် မရမခင်အထိ ရားထူးက ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့တယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။

“ဒါက မေးခွန်းတွေ အများကြီးထွက်လာပါတယ်။ အစ္စရေးက နျူကလီးယားလက်နက်ပိုင်ဆိုင်းထားတယ်လို့ ဝန်ခံလိုက်တာလားဆိုတာက အဓိက ပြဿနာဖြစ်ပါတယ်။” လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာဟာရိုဗာက ပြောပါတယ်။

အစ္စရေးဟာ နျူကလီးယားထပ်ဖူး ၉၀ ခန့်ပိုင်ဆိုင်ထားတယ်လို့ အမေရိကန် သပ္ပံပညာရှင်အဖွဲ့ချုပ်က ခန့်မှန်းထားပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးက လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

“မေးခွန်းနံပါတ်တစ် – နျူကလီးယားလက်နက်တွေရှိနေခြင်းနဲ့ ပတ်သက်ပြီးတရားဝင်ပြောကြားချက်တွေ ပေါ်လာပါပြီ၊ အဲဒီလိုဆိုရင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီနဲ့ နိုင်ငံတကာ နျူကလီးယား စစ်ဆေးရေးမှူးတွေက ဘယ်မှာလဲ” လို့ မာရီယာက ပြောပါတယ်။

အာမိဟေးရဲ့ မှတ်ချက်ကြောင့် အာရပ်ကမ္ဘာတစ်ဝှမ်းက ပြစ်တင်ရှုတ်ချမှုတွေထွက်ပေါ်လာခဲ့ပြီး အီရန်ကလည်း ဒီမှတ်ချက်နဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အလျင်အမြန်တုံ့ပြန်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကုလလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီတို့က ဒီရိုင်းစိုင်းပြီး အသားအရောင်ခွဲခြားတဲ့အစိုးရကို လက်နက်ဖြုတ်သိမ်းဖို့ ချက်ခြင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ref; reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။