Trending Now

မုံရွာ နန္ဒဝန်စျေးထဲမှာ စျေးဝယ်နေတဲ့ လင်မယား ၂ ယောက် ပစ်သတ်ခံရ

Spread the love

မုံရွာ နန္ဒဝန်စျေးထဲမှာ စျေးဝယ်နေတဲ့ လင်မယား ၂ ယောက် ပစ်သတ်ခံရ

EPN
မုံရွာ ၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နန္ဒဝန်စျေးထဲမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က စျေးဝယ်နေတဲ့ လင်မယား ၂ ယောက်ကို အကြမ်းဖက်သမားတွေက ပစ်သတ်သွားတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပစ်သတ်ခံရတာ လူငယ် လင်မယားတွေဖြစ်တယ် ၊ ယောကျ်ားဖြစ်သူက နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ် ၊ မိန်းမဖြစ်သူကတော့ စိုးရိမ်ရ လူနာအဖြစ်နဲ့ ဆေးကုနေတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပစ်ခံရတဲ့ လင်မယားက နန္ဒဝန်ရပ်ကွက်မှာနေပြီး ကွမ်းယာရောင်းတဲ့ စျေးသည်တွေပါ ၊ ကိုကျော်ကျော်နဲ မနှင်းအေးခိုင်ဖြစ်တယ် ၊ စျေးထဲမှာ စျေးဝယ်နေတဲ့အချိန် အကြမ်းဖက်သမား ၂ ယောက်က အနီးကပ် ပစ္စတိုသေနတ်နဲ့ ပစ်တာဖြစ်တယ် ၊ ကိုကျော်ကျော်ရဲ့ ဦးခေါင်း နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး ပွဲချင်းပြီး သေဆုံးတယ် ၊ သူ့မိန်းမ နှင်းအေးခိုင်ကတော့ နထင်နေရာနဲ့ ကျော နေရာမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရပြီး ဆေးကုသနေရတယ် ၊ အလွန်စိုးရိမ်ရတဲ့ လူနာပါ ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်ကို မုံရွာနယ်မြေရဲစခန်းက အမှုရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အခုလ ၁၇ ရက် ည ၈ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ ၊ အောင်မဂ်လာရပ်ကွက် ၊ အိမ်အမှတ် ၆၁ မှာနေထိုင်တဲ့ လင်မယား ၂ ယောက်ကို အကြမ်းဖက်သမားတွေက လာရောက်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ လူသတ်မှုမှာ အိမ်ရှင်ဖြစ်သူ ဦးဝင်းမောင်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး သူ့မိန်းမ ဒေါ်ခင်ဝင်းဆင့် ကတော့ ကျည်ဖောက်ဝင် ပြင်ထန်းဒဏ်ရာရကာ ဆေးကုသနေရတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။