Trending Now

ရှိရင်း သဘာဝအရင်းအမြစ်တွေကို နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လိုအသုံးချမလဲ

Spread the love

ရှိရင်း သဘာဝအရင်းအမြစ်တွေကို နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လိုအသုံးချမလဲ 
Opinion
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ လူတွေက ဖန်တီးထားတဲ့ အရာမဟုတ်ဘဲ သဘာဝအလိုအလျှောက် တည်ရှိနေတဲ့ ရှိရင်းသယံဇာတ အရင်းအမြစ်တွေ ပြည့်စုံဝေဆာလှပနေကြပါတယ်။ 

သဘာဝအရင်းအမြစ် တွေရှိတာကြောင့်လည်း ကမ္ဘာကြီးဟာ စိမ်းလန်းစိုပြေပြီး သူ့ဟာနဲ့သူ သာယာလှပ နေပါတယ်။ ဒါပေမယ့် အဲလိုတည်ရှိနေတဲ့ သဘာဝအရင်းအမြစ်တွေကို အသုံးပြုပြီး မိမိတို့ရဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် လုပ်ယူဖန်တီးတဲ့ နိုင်ငံအချို့လည်း ရှိနေကြပါတယ်။ နိုင်ငံ၊ ဒေသတစ်ခုမှာရှိတဲ့ သဘာဝအရင်းမြစ်၊ ပတ်ဝန်းကျင်တွေကို ပျက်စီးမှာဆိုပြီး ဘာမှမပြုမလုပ်ဘဲနေမည်ဆိုလည်း ခေတ်နောက်ကျကျန်ခဲ့မှာဖြစ်ပါတယ်။ 
ပညာရှင်တွေရဲ့ ဆိုရိုးရှိတာက သဘာဝ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ရင် ပြုပြင် မွမ်းမံရမယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာ ထင်ပြီး ဘာမှမလုပ်ဘဲ ထားနေရင် သူ့အလိုလို ပျက်စီး ယိုယွင်းသွားမှာဖြစ်ပါတယ်။ 
ဒါကြောင့် မိမိနိုင်ငံကို ပိုပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သဘာဝကပေး ထားတဲ့ သဘာဝအရင်း အမြစ် တွေကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးရှိရှိ အသုံးချခဲ့ကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုဖွံ့ဖြိုး တိုးတက်လာရင် အဲဒီနိုင်ငံထဲက ပြည်သူလူထုပါ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံတိုးတက်မှသာလျှင် နိုင်ငံအတွင်းမှာရှိတဲ့ နောက်လာမယ့် အနာဂတ်မျိုးဆက်တွေဟာ ကမ္ဘာမှာ မျက်နှာမငယ်ရဘဲ တစ်ခြားသော နိုင်ငံတွေနှင့် ယှဉ်ပြီး ရင်ဘောင်တန်း နေထိုင်သွားနိုင်မှာ ဖြစ်တယ်။
သဘာဝကပေးတဲ့ အရင်းအမြစ်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတ ဆိုရာမှာ လည်း ခွဲခြား၍ မရဘဲ ဆက်စပ် ပတ်သက်မှု ရှိနေသည်မှာလည်း အမှန်တရား တစ်ခုပင်ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝကပေးတဲ့ တစ်ချို့သော သယံဇာတတွေကို နိုင်ငံဖွံဖြိုးတိုးတက်ဖို့အတွက် လိုအပ်ခဲ့လျှင် အကျိုဖြစ်ထွန်းစေမယ့် အရာတွေမှာ ပြန်ပြီး လက်တွေ့ကျကျ အသုံးချနိုင်ဖို့လိုပါတယ်။ 
ပမာ ဆိုရလျှင် ရေသယံဇာတလိုမျိုးဟာ နှစ်စဉ် နှစ်တိုင်းလို မိုးအရမ်းများတဲ့ မိုးတွင်း ကာလအတွင်း မှာဆိုရင် မြစ်တွေထဲကို အလဟသ စီးဆင်းသွားတာကို တွေ့ရပါတယ်။ အဲဒီလို ရေတွေ အလဟသ မြစ်ထဲစီးမျော သွားပေမယ့် တကယ့် မိုးရေတွေကို သိမ်းဆည်း သိုလှောင်ထားမယ့် ရေသိုလှောင်ကန် တွေရှိမယ်ဆိုရင် အဲဒီမိုးရေတွေကို သိုလှောင်ထားပြီး နောက်မှာ လိုအပ်တဲ့ စိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ လျှပ်စစ်ထုတ်လုပ်ရာ အတွက်သော်လည်းကောင်း ထုတ်လွှင့် အသုံးပြုနိုင်ပါတယ်။ 
လက်ရှိ ပြန်မာနိုင်ငံမှာ ရေသိုလှောင်ကန် လုံလောက်မှုမရှိသေးတာရယ် ရှိနေပြီးသား ရေသိုလှောင် ကန်တွေထဲမှာ သိုလှောင်ရေ ပမာဏ နည်းနေတာတွေရယ်ကြောင့် ရေအားလျှပ်စစ်ကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်တဲ့နေရာမှာ အရမ်းကို အခက်အခဲနဲ့ ရင်ဆိုင်ရတာလည်းရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို ရေအားလျှပ်စစ်မှ ရာခိုင်နှုန်းအများဆုံး ထုတ်လုပ်အသုံးပြုနေပေမယ့် ရေ ရှားပါးတဲ့ နွေရာသီကာလတွေမှာ မီးပျက်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာကို တွေ့ရပါတယ်။ ပြည်သူလူထုတွေလည်း လျှပ်စစ်မီး ပြဿနာလည်း ဂယက်ထသွားခဲ့ပါတယ်။ 
ဒါကြောင့် မိုးရေတွေကို လုံလောက်တဲ့ သိုလှောင်ထားမှုမျိုးပြုလုပ်ထားမယ်ဆိုရင် ဒါတွေကို လိုအပ်တဲ့ နေ ရာမှာ ပြန်လည် ထုတ်ယူနိုင်ပါတယ်။ တစ်ချို့ ရေသိုလှောင်ကန်တွေကတော့ စိုက်ပျိုးရေးအတွက် ရေကို အဓိက စုဆောင်းထားတာကို တွေ့ရ ပါတယ်။ ဒါကြောင့် အဓိကကတော့ မြစ်ထဲ အလဟသ စီးဆင်းသွားမည့် ရေသယံဇာတကို ဘယ်လို ထိန်းသိမ်းပြီး ဘယ်လို အကျိုးရှိအောင် ပြန်လည် အသုံးချမလဲ ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ 
ယနေ့ခေတ် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတဲ့ အချိန်ကာလမှာ တည်ရှိနေတဲ့ သဘာဝပတ်ဝန်းကျင်တို့၊ မြစ်ချောင်းတို့ကို ဒီအတိုင်းဘားမှ မလုပ်ဘဲ အလှထိုင်ကြည့်နေရုံနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ သဘာဝအရင်းအမြစ်တွေကို လိုအပ်ရင်လိုအပ်သလို ခေတ်မီနည်း ပညာတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုထိရောက် အကျိုးရှိတဲ့ အရာတွေကို ပြောင်းလဲပစ်လိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ 
တချို့သော နိုင်ငံဆိုရင် ၎င်းတို့ နိုင်ငံမှာ သဘာဝအရင်းအမြစ်တွေ နည်းပါးလို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လိုတီထွင်ရမလဲဆိုတာကို တွေးခေါ်နေကြတာဖြစ်ပါတယ်။ နည်းပညာတွေတိုးတက်လာ တာနှင့်အမျှ လူနေမှုပုံစံတွေလည်း တိုးတက်လာရမှာဖြစ်ပါတယ်။ 
တို့နိုင်ငံမှာတော့ဖြင့် ပေါကြွယ်ဝတဲ့ သယံဇာတတွေကို ဘယ်လိုအသုံးချရမလဲ စဉ်းစားနေတုန်း။ သက်ဆိုင်ရာ အစိုးရတွေက ခေတ်မှီနိုင်ငံ ဖြစ်လာဖို့ အိမ်နှီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေပါကလည်း အကျိုးရလဒ်တစ်ခုကြောင့် ကန့် ကွက်ဆန္ဒပြသူတွေက မပြောပြနိုင်အောင်ပါပဲ။ 
ဒါကြောင့် သဘာဝအတိုင်း လှပတည်ရှိနေတဲ့ အရင်းအမြစ်ကိုလည်း မပျက်စီးစေဘဲ ထိခိုက်မှု နည်းအောင် ထိန်းသိမ်းရင်းနဲ့ တစ်ဘက်ကလည်း နည်းပညာ အကူအညီနဲ့ ရှိပြီးသား အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ကြပါစေလို့ ဖေါ်ပြလိုက်ပါတယ်။ 
ဗိုလ်ကျ
_______________________________________________

ရွိရင်း သဘာဝအရင်းအျမစ်တြေကို နိုင်ငံ့ဖြံ့ဖြိုးတိုးတက်ရေးမွာ ဘယ္လိုအသုံးခ်မလဲ

Opinion

ကမ္ဘာပေါ်မွာရွိတဲ့ နိုင်ငံတိုင်းမွာ လူတြေက ဖန္တီးထားတဲ့ အရာမဟုတ္ဘဲ သဘာဝအလိုအေလွ်ာက် တည်ရွိနေတဲ့ ရွိရင်းသယံဇာတ အရင်းအျမစ်တျြေပည့်စုံဝေဆာလွပေနကြပါတယ်။

သဘာဝအရင်းအျမစ် တြေရွိတာကြောင့်လည်း ကမ္ဘာကြီးဟာ စိမ်းလန်းစိျုေပပြီး သူ့ဟာနဲ့သူ သာယာလွပ နေပါတယ်။ ဒါပေမယ့် အဲလိုတည်ရွိနေတဲ့ သဘာဝအရင်းအျမစ်တြေကို အသုံျးပုပြီး မိမိတို့ရဲ့ နိုင်ငံဖြံ့ဖြိုး တိုးတက်အောင် လုပ်ယူဖန္တီးတဲ့ နိုင်ငံအခို့လည်း ရွိနေကြပါတယ်။ နိုင်ငံ၊ ဒေသတစ္ခုမွာရွိတဲ့ သဘာဝအရင်ျးမစ်၊ ပတ်ဝန်းက်င်တြေကို ပ်က္စီးမွာဆိုပြီး ဘာမွမျပုမလုပ္ဘဲနေမည္ဆိုလည်း ခေတ်နောက္က်က်န္ခဲ့မျွာဖစ္ပါတယ်။

ပညာရွင်တြေရဲ့ ဆိုရိုးရွိတာက သဘာဝ ပတ်ဝန်းက်င္ပျဲဖစ်ျဖစ် ဖြံ့ဖြိုးတိုးတက်ရေးအတြက် လိုအပ်ရင်ျပျုပင် မြမ်းမံရမယ်။ သဘာဝပတ်ဝန်းက်င် ပ်က္စီးမွာ ထင်ပြီး ဘာမွမလုပ္ဘဲ ထားနေရင် သူ့အလိုလို ပ်က္စီး ယိုယြင်းသြားမျွာဖစ္ပါတယ်။

ဒါကြောင့် မိမိနိုင်ငံကို ပိုပြီး ဖြံ့ဖြိုးတိုးတက္လာနိုင္မယ့် အျေခအေနျဖစ္လာမယ္ဆိုရင် လုပ်သင့်လုပ္ထိုက္တာကို လုပ်ရမျွာဖစ္ပါတယ်။ ဆိုလိုတာကေတာ့ သဘာဝကေပး ထားတဲ့ သဘာဝအရင်း အျမစ် တြေကေန နိုင်ငံဖြံ့ဖြိုးတိုးတက္ဖို့ အကိုးရွိရွိ အသုံးခ်ခဲ့ကြတာပျဲဖစ္ပါတယ်။

နိုင်ငံတစ္ခုဖြံ့ဖြိုး တိုးတက္လာရင် အဲဒီနိုင်ငံထဲကျပည်သူလူထုပါ ဖြံ့ဖြိုးတိုးတက္လာမျွာဖစ္ပါတယ်။

နိုင်ငံတစ္နိုင်ငံတိုးတက္မွသာလျွင် နိုင်ငံအတြင်းမွာရွိတဲ့ နောက္လာမယ့် အနာဂတ္မိုးဆက်တြေဟာ ကမ္ဘာမွာ မ်က္နွာမငယ်ရဘဲ တစ်ျခားသော နိုင်ငံတြေနွင့် ယွဉ်ပြီး ရင်ဘောင္တန်း နေထိုင်သြားနိုင္မျွာဖစ္တယ်။

သဘာဝကေပးတဲ့ အရင်းအျမစ်တြေကို သဘာဝပတ်ဝန်းက်င် ထိန်းသိမ်းရေးနွင့် သယံဇာတ ဆိုရာမွာ လည်း ချြဲခား၍ မရဘဲ ဆက္စပ် ပတ်သက္မွု ရွိနေသည္မွာလည်း အမွန္တရား တစ္ခုပင်ျဖစ္ပါတယ်။ ဒါပေမယ့် သဘာဝကေပးတဲ့ တစ္ခို့သော သယံဇာတေတြကို နိုင်ငံဖြံဖြိုးတိုးတက္ဖို့အတြက် လိုအပ္ခဲ့လ်ွင် အက်ျိုဖစ္ထြန်းစေမယ့် အရာတြေမျွာပန်ပြီး လက်တြေ့က်က် အသုံးခ်နိုင္ဖို့လိုပါတယ်။

ဥပမာ ဆိုရလျွင် ရေသယံဇာတလိုမိုးဟာ နွစ္စဉ် နွစ္တိုင်းလို မိုးအရမ်းမ်ားတဲ့ မိုးတြင်း ကာလအတြင်း မွာဆိုရင်ျမစ်တြေထဲကို အလဟသ စီးဆင်းသြားတာကို တြေ့ရပါတယ်။ အဲဒီလို ရေတြ အလဟသျမစ္ထဲစီးမော် သြားပေမယ့် တကယ့် မိုးရေတြကို သိမ်းဆည်း သိုလွောင္ထားမယ့် ရေသိုလွောင္ကန် တြေရွိမယ္ဆိုရင် အဲဒီမိုးရေတြကို သိုလွောင္ထားပြီး နောက္မွာ လိုအပ္တဲ့ စိုက္ပိုးရေးအတြက်သ္လောည်းကောင်း၊ လ်ွပ္စစ္ထုတ္လုပ်ရာ အတြက်သ္လောည်းကောင်း ထုတ္လွှင့် အသုံျးပုနိုင္ပါတယ်။

လက်ရျွိပန္မာနိုင်ငံမွာ ရေသိုလွောင္ကန် လုံလောက္မွုမရွိသေးတာရယ် ရွိနေပြီးသား ရေသိုလွောင် ကန်တြေထဲမွာ သိုလွောင်ရေ ပမာဏ နည်းနေတာတြေရယ်ကြောင့် ရေအားလျွပ္စစ္ကို အသုံျးပုပြီး လျွပ္စစ္ထုတ္လုပ္တဲ့နေရာမွာ အရမ်းကို အခက်အခဲနဲ့ ရင္ဆိုင်ရတာလည်းရွိခဲ့တယ္လို့ သိရပါတယ်။

ျမန္မာနိုင်ငံမွာ လ်ွပ္စစ္မီးကို ရေအားလ်ွပ္စစ္မွ ရာခိုင္နှုန်းအမ်ားဆုံး ထုတ္လုပ်အသုံျးပုနေပမယ့် ရေ ရွားပါးတဲ့ နြေရာသီကာလေတြမွာ မီးပ်က္တျဲ့ပဿနာတြေနဲ့ ကြုံတေ့နြေရတာကို တြေ့ရပါတယ်။ျပည်သူလူထုတြေလည်း လျွပ္စစ္မီျးပဿနာလည်း ဂယက္ထသြားခဲ့ပါတယ်။

ဒါကြောင့် မိုးရေတြကို လုံလောက္တဲ့ သိုလွောင္ထားမှုမိုျးပုလုပ္ထားမယ္ဆိုရင် ဒါတြေကို လိုအပ္တဲ့ နေ ရာမျွာပန္လည် ထုတ်ယူနိုင္ပါတယ်။ တစ္ခို့ ရေသိုလွောင္ကန်တြေကေတာ့ စိုက္ပိုးရေးအတြက် ရေကို အဓိက စုဆောင်းထားတာကို တြေ့ရ ပါတယ်။ ဒါကြောင့် အဓိကကေတျာ့မစ္ထဲ အလဟသ စီးဆင်းသြားမည့် ရေသယံဇာတကို ဘယ္လို ထိန်းသိမ်းပြီး ဘယ္လို အကိုးရွိအောင်ျပန္လည် အသုံးခ်မလဲ ဆိုတာကို စဉ်းစားရမျွာဖစ္ပါတယ်။

ယေန့ခေတ် နေ့စဉ္နွင့်အမွ် တိုးတက်ျေပာင်းလဲနေတဲ့ အခိန္ကာလမွာ တည်ရွိနေတဲ့ သဘာဝပတ်ဝန်းက်င္တို့၊ျမစ်ခော်င်းတို့ကို ဒီအတိုင်းဘားမွ မလုပ္ဘဲ အလွထိုင်ကြည့်နေရုံနဲ့ ခေတ္မွီဖြံ့ဖြိုးတိုးတက္ဖို့ ဆိုတာ မျဖစ္နိုင္ပါ။ သဘာဝအရင်းအျမစ်တြေကို လိုအပ်ရင္လိုအပ်သလို ခေတ္မီနည်း ပညာတြေနဲ့ ပေါင်းစပ်ပြီး ပိုမိုထိရောက် အကိုးရွိတဲ့ အရာတြေကိုျေပာင်းလဲပစ္လိုက္နိုင္မွာပျဲဖစ္ပါတယ်။

တခို့သော နိုင်ငံဆိုရင် ၎င်းတို့ နိုင်ငံမွာ သဘာဝအရင်းအျမစ်တြေ နည်းပါးလို့ ဖြံ့ဖြိုးတိုးတက်ရေး အတြက် ဘယ္လိုတီထြင်ရမလဲဆိုတာကို တြေးခေါ်နေကြတျာဖစ္ပါတယ်။ နည်းပညာတြေတိုးတက္လာ တာနွင့်အမွ် လူနေမှုပုံစံတြေလည်း တိုးတက္လာရမျွာဖစ္ပါတယ်။

တို့နိုင်ငံမွာတေျာ့ဖင့် ပေါကြယ်ဝတဲ့ သယံဇာတေတြကို ဘယ္လိုအသုံးခ်ရမလဲ စဉ်းစားနေတုန်း။ သက္ဆိုင်ရာ အစိုးရေတြက ခေတ္မွီနိုင်ငျံဖစ္လာဖို့ အိမ္နွီးခ်င်းနိုင်ငံမ်ားနွင့် ခ်္တိ္ဆက်ဆောင်ရြက်နေပါကလည်း အကိုးရလဒ္တစ္ခုကြောင့် ကန့် ကြက္ဆန္ဒျပသူတြေက မျေပျာပနိုင်အောင္ပါပဲ။

ဒါကြောင့် သဘာဝအတိုင်း လွပတည်ရွိနေတဲ့ အရင်းအျမစ္ကိုလည်း မပ်က္စီးစေဘဲ ထိခိုက္မွု နည်းအောင် ထိန်းသိမ်းရင်းနဲ့ တစ္ဘက္ကလည်း နည်းပညာ အကူအညီနဲ့ ရွိပြီးသား အရင်းအျမစ်တြေကို အကိုးရွိရွိ အသုံးခ်နိုင်ျခင်းအာျးဖင့် တိုင်ျးပည်ရဲ့ ဖြံဖြိုးတိုးတက္မွုကို ဖော်ဆောင္နိုင်ကြပါစေလို့ ဖေါ်ျပလိုက္ပါတယ်။

ဗိုလ္က်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။