Trending Now

ထိုင်းအစိုးရက ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ ကြေညာပြီ

Spread the love

ထိုင်းအစိုးရက ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ ကြေညာပြီ
 

EPN
နိုင်ငံတကာ မတ် ၂၆

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု ထိန်းချုပ်မည့်ကြိုးပမ်းမှုများ အရှိန်မြှင့်တင်လုပ်ဆောင်ရန် ထိုင်းအ စိုးရက တစ်တိုင်းပြည်လုံး အရေးပေါ်အခြေအနေတစ်ရပ် ကြေညာလိုက်ပြီဖြစ်သည်။

ယနေ့ ကြေညာခဲ့သည့် အရေးပေါ်အခြေအနေက ဧပြီလ ၃၀ ရက်အထိ ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။ ထိုင်းနိုင်ငံက မတ်လ ၂၅ ရက်အထိ ကိုဗစ်-၁၉ ကူးစက်မှု ၁၀၀ ကျော် လေးရက်ဆက်တိုက်ရှိခဲ့ရာ စုစု ပေါင်း ကူးစက်မှု ၉၃၄ မှုအထိ ရောက်ရှိလာခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်သည်။

အမိန့်အရ သံတမန်များ၊ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်သူများမှလွဲ၍ ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားများ ဝင်ရောက် မှုကို ပိတ်ပင်ထားသည်။ ပြည်နယ်အချင်းချင်းကြား ခရီးသွားလာမှုကို တားမြစ်ထားပြီး အသက် ၅ နှစ်အောက် ကလေးငယ် များနှင့် အသက် ၇၀ ကျော် လူကြီးသူမများ အပြင်ထွက်ခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။

ထို့အပြင် ဆေးဝါးများ၊ အစားအသောက်များ သိမ်းဆည်းသိုလှောင်ခြင်းကို ပိတ်ပင်ထားပြီး မငြိမ်မသက်မှု ဖြစ်စေသည့် သတင်းမှားများ ဖြန့်ဝေခြင်းကို တားမြစ်ထားသည်။

အခြေအနေ လိုအပ်ချက်အပေါ်မူတည်၍ အရံအစီအမံများစတင်ခြင်း သို့မဟုတ် ပြန်လည်သုံးသပ်မှုတစ် ရပ် လုပ်ဆောင်ခြင်းကို ထည့်သွင်းစဉ်းစားမည်ဟု ထိုင်းအစိုးရက ပြောသည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Thailand declares nationwide state of emergency


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။