Trending Now

ရုရှားနဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပူးတွဲကင်းလှည်မှုပြုလုပ်

Spread the love

ရုရှားနဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပူးတွဲကင်းလှည်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

ရုရှားနဲ့ တရုတ်တို့ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ ဂျပန်ပင်လယ် နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ပူးတွဲလေကြောင်းကင်းလှည့်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှစ်နာရီကြာပြုလုပ်ခဲ့တဲ့ ပူးတွဲကင်းလှည့်မှုအတွင်းမှာ ရုရှားနိုင်ငံထုတ် Tupolev-95 ဗုံးကြဲလေယာဉ်တွေ၊ Sukhoi-30၊ Sukhoi-35 တိုက်လေယာဉ်တွေ နဲ့ တရုတ် Hong-6K ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပူးတွဲကင်းလှည်မှုအတွင်းမှာ ရုရှားလေယာဉ်တွေက တရုတ်နိုင်ငံလေယာဉ်ကွင်းတစ်ခု ကိုဆင်းသက်ခဲသလို တရုတ်လေယာဉ်တွေကလည်း ရုရှားနိုင်ငံပိုက်နက်အတွင်းက လေယာဉ်ကွင်းတစ်ခုကို ဆင်းသက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အခုပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုဟာ ၂၀၂၂ ခုနှစ် စစ်ရေးပူးပေါင်းဆောက်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံစလုံးက လေယာဉ်တွေဟာ နိုင်ငံတကာဥပဒေကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့ကြသလို နိုင်ငံခြားတိုင်ပြည်တွေရဲ့ ဝေဟင်ပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်ဗုံးကြဲလေယာဉ်တွေဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့ကြပြီး စက်တင်ဘာလအတွင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ပြုလုပ်တဲ့ ရုရှားအရှေ့ဖျားက ကြီးမားတဲ့ စစ်ဆင်ရေးလေ့ကျင့်မှုမှာလည်း တရုတ်နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပါတယ်။

–ကိုးကား–
NHK
Ref; Russian, Chinese bombers conduct joint patrol, make cross landings

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။