Trending Now

အိန္ဒိယကြည်းတပ် စိန်ပြောင်းလေ့ကျင့်ပစ်ခတ်စဉ် စိန်ပြောင်းဗုံးသီးမတော်တဆ ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၃ ဦး သေဆုံး

Spread the love

အိန္ဒိယကြည်းတပ် စိန်ပြောင်းလေ့ကျင့်ပစ်ခတ်စဉ် စိန်ပြောင်းဗုံးသီးမတော်တဆ ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၃ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၁၁

အိန္ဒိယကြည်းတပ်က ဗုဒ္ဓဟူးနေ့က စိန်ပြောင်းလေ့ကျင့်ပစ်ခတ်စဉ် စိန်ပြောင်းဗုံးသီး မတော်တဆကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးသွားကြောင်း အစိုးရအရာရှိတစ်ဦးရဲ့စကားကို ကိုးကားပြီး The Washington Post သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

စိန်ပြောင်းကျည်ဟာ သတ်မှတ်ထားတဲ့အကွာအဝေးကို မရောက်ဘဲ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်အရှေ့ပိုင်းမှာ ရှိတဲ့ ကျေးရွာတစ်ရွာက အိမ်ဝင်းတစ်ခုထဲကို ကျရာက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

စိန်ပြောင်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်လင်မယားနှစ်ယောက်နဲ့ ၎င်းတို့အိမ်နီးချင်းတစ်ဦး စုစု ပေါင်း သုံးဦးသေဆုံးခဲ့ပြီး ရွာသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စိန်ပြောင်းဗုံးသီး ကျေးရွာအတွင်းက အဆိုပါခြံဝင်းထဲကို ကျရောက်ပေါက်ကွဲတဲ့အချိန်မှာ လူငယ်စုံတွဲဟာ အမျိုး သမီးရဲ့မိဘတွေနဲ့အတူ ဟိန္ဒူရိုးရာပွဲတော်တစ်ခု ကျင်းပနေတဲ့အချိန်ဖြစ်တယ်လို့ ပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ပန်ကက်ကူးမားက ပြောပါတယ်။

အဆိုပါကျေးရွာဟာ ပန်တာမြို့မှာရှိတဲ့ အိန္ဒိယကြည်းတပ်ရဲ့ စက်ပစ်ကွင်းနဲ့ ကီလိုမီတာ ၁၂၀ (၆၅ မိုင်) ကွာ ဝေးကြောင်း သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေကို စောင့်ဆိုင်းရင်း အိန္ဒိယကြည်းတပ်က အဲဒီစိန်ပြောင်းလေ့ကျင့် ပစ်ခတ်မှုကို ရပ်တန့်ထားမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဗုဒ္ဓဟူးနေ့က စိန်ပြောင်းဗုံးသီးကျရောက်ပေါက်ကွဲမှုဟာ အဆိုပါစက်ပစ်ကွင်းနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် သုံးလေးခု ထဲက နောက်ဆုံးဖြစ်စဉ်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အရပ်သားတစ်ဦးဟာ စိန်ပြောင်းဗုံးသီးဟောင်းတစ်လုံးက ကြေးကိုခွာယူဖို့ ကြိုးစားရင်း ဗုံးသီး ပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အဲဒီစက်ပစ်ကွင်းနားမှာ ထင်းခွေတဲ့အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

Ref: Indian Army Mortar System Error Kills 3 in Training

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။