Trending Now

တောင်သူများ စိုက်ပျိုးသုံးစရိတ်ဈေးကြီးမြင့်မှုသက်သာ စေရန် ဆိုလာတပ်ဆင်ခြင်း နေကြာစိုက်ပျိုးခြင်းနှင့်ဘိုကာရှီဆိုသော သဘာဝမြေဩဇာကိုသုံးစွဲကြရန်ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောဆို

Spread the love

တောင်သူများ စိုက်ပျိုးသုံးစရိတ်ဈေးကြီးမြင့်မှုသက်သာ စေရန် ဆိုလာတပ်ဆင်ခြင်း နေကြာစိုက်ပျိုးခြင်းနှင့်ဘိုကာရှီဆိုသော သဘာဝမြေဩဇာကိုသုံးစွဲကြရန်ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောဆို

EPN
ကျောင်းကုန်း ၊ မေလ ၂၃

တောင်သူများ စက်သုံးဆီစရိတ်ဈေးကြီးနေတာသက်သာ စေဖို့အတွက် စက်သုံးဆီစရိတ်ကြီးနေတာကိုဆိုလာစနစ်တပ်ဆင်ကြဖို့လိုပြီးစားသုံးဆီဖူလုံဖို့အတွက်နေကြာစိုက်ပျိုးကြဖို့နှင့်ဓာတ်မြေဩဇာအစား EMဘိုကာရှီဆိုတဲ့ သဘာဝမြေဩဇာကို သုံးစွဲကြရန်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကပြောကြားခဲ့သည်။

ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ဂုန်မင်းကျေးရွာအုပ်စုရှိသာသနာ့ဇောတိက ကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့က ပြုလုပ်သည့်ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

”လက်ရှိစက်သုံးဆီစရိတ် ဈေးကြီးနေတာသက်သာစေဖို့အတွက် ဆိုလာစနစ် တပ်ဆင်ကြဖို့လိုပါတယ်။စားသုံးဆီဖူလုံဖို့အတွက် နေကြာစိုက်ပျိုးကြဖို့လည်းလိုပါတယ်။

ဓာတ်မြေဩဇာအစား E M ဘိုကာရှီ ဆိုတဲ့သဘာဝမြေဩဇာကိုသုံးစွဲကြရန်လိုအပ်ပြီးပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးသင့်ကြောင်း၊မြေဆီလွှာအားကောင်းမှမြေဆီလွှာဂုဏ်သတ္တိ တိုးလာမယ်၊ ဒါမှစပါးအထွက်နှူန်းကလည်း တိုးလာမှာဖြစ်ပါတယ်။”ဟုဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ဧရာဝတီတိုင်းဒေသကြီး၊လယ်ယာမြေစာရင်းအင်း ဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းမြင့်၊ဧရာဝတတိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်၊ဧရာဝတီတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ထွန်း၊ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးခိုင်၊ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ဒေသခံတောင်သူများတက်ရောက်ရောက်ကြောင်း သိရသည်။

စွန့်လွတ်မြေများပြန်လည်ရရှိရေး၊ဓာတ်မြေသြဇာများ ထောက်ပံ့ပေးရန်၊စိုက်ပျိုးစရိတ်ချေးငွေများကိုစောစော ထုတ်ချေးပေးရန်၊ကုန်ထုတ်လမ်းများဖောက်လုပ်ပေးရန်၊ ဈေးကွက်ကောင်းစပါးများစိုက်ပျိုးနိုင်ဖို့နည်းပညာများ ပေးရန်တောင်သူလယ်သမားတို့က တင်ပြခဲ့ကြကြောင်းသိရသည်။

”စွန့်လွတ်မြေကိုပြန်ပေးဖို့ခက်ခဲနေသလို လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ကျတော့လည်းထုတ်ပေးဖို့ ကို ခက်ခဲပါတယ်။ဒီကနေ့တော့ဖြစ်နေတဲ့ အခက်အခဲ တွေကိုတင်ပြဖို့လာခဲ့တာအချိန်အကန့်အသတ်နဲ့မို့ တိုက်ရိုက်မတင်ပြနိုင်ခဲ့ပါဘူး။ကိုယ်ပြောချင်တဲ့စပါးဈေးကျဆင်းနေတဲ့ ကိစ္စလိုမျိုးမြေသြဇာဈေးတွေတက်နေတာ စတဲ့အချက်တွေကိုတစ်ချို့တောင်သူတွေကတင်ပြသွား တာတွေ့ရတယ်။တစ်ခုပြောချင်တာကဧရာဝတီတိုင်းက တောင်သူတွေရဲ့အခက်အခဲအကျပ်အတည်းတွေကအခုလိုပေးတဲ့ အချိန်နဲ့မလုံလောက်ပါဘူး။”ဟု ဂုန်မင်းကျေးရွာမှတောင်သူတစ်ဦးကပြောသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။