Trending Now

မြန်မာနိုင်ငံမှ ထိုင်နိုင်ငံသို့ ဓာတ်ငွေတင်ပို့မှုပြန်လည်စတင်

Spread the love

မြန်မာနိုင်ငံမှ ထိုင်နိုင်ငံသို့ ဓာတ်ငွေတင်ပို့မှုပြန်လည်စတင်

EPN
မြန်မာ-နိုင်ငံတကာ၊ သြဂုတ် ၁၆

နှစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့သည့် မြန်မာနိုင်ငံမှ ထိုင်နိုင်ငံသို့ သဘာဝဓာတ်ငွေတင်ပ့ိုမှုအား သြဂုတ်လ ၁၄ ရက်နေ့က ပြန်လည် စတင်လိုက်ပြီဖြစ်ကြောင်း ထိုင်းအမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစု(PTTEP)က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇောတိက စီမံကိန်း၏ ဓာတ်ငွေ့ပိုက်လိုင်းသည် သြဂုတ်လ ၁ ရက်နေ့တွင် ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေတင်ပို့မှု ယာယီရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

ဓာတ်ငွေယိုစိမ့်မှုသည် အစိုးရဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ကနဦးသတင်းများက ဖော်ပြခဲ့သော်လည်း အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပဏာမစစ်ဆေးမှုအတွင်း ပေါက်ကွဲမှု သို့မဟုတ် မီးလောင်မှု သဲလွန်စမတွေ့ရှိခဲ့ရဟုဆိုသည်။

ဇောတိကပိုင်လိုင်း စီမံကိန်းပိုက်လိုင်း ပြုပြင်မှု ပြီးစီးပြီးနောက် သြဂုတ် ၁၄ ရက်တွင် ထိုင်းနိုင်ငံသို့ ပုံမှန်ဓာတ်ငွေ့ ပို့ဆောင်မှု ပြန်လည်စတင်ခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ဇောတိက စီမံကိန်းသည် နေ့စဉ် ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်နေပြီး ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ကျန်ဓာတ်ငွေများကို မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိကြောင်း ထိုင်းနေရှင်းက ဖော်ပြထားသည်။

ထိုင်းအမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစုသည် ဇောတိက စီမံကိန်းတွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းရှိပြီး ကျန် ၂၀ ရာခိုင်နှုန်းအား မြန်မာ အစိုးရပိုင် MOGE မှ ပိုင်ဆိုင်ပြီး န.စ.က နီးကပ်သော ဆက်ဆံရေးအတွက် EU မှ ပိတ်ဆို့အရေးယူထားရသည်။

source – ထိုင်းနေရှင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။