Trending Now

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံ တောင်းဆို

Spread the love

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံ တောင်းဆို

EPN
မြစ်ကြီးနား၊ မေ ၁၆

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လျင်လျင်မြန်မြန်၊ လုံလုံခြုံခြုံနှင့် အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ယနေ့ ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်း မိုခါကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ နေရာများတွင် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကြားသိရသဖြင့် ကနေဒါနိုင်ငံက များစွာ ဝမ်းနည်းမိကြောင်း နှင့် ဆိုင်ကလုန်းကြောင့် အသက်ဆုံးရှုံးရသူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ နေရပ်ရွှေ့ပြောင်းရသူများနှင့် အခြေခံလိုအပ်ချက်များ ပြည့်မီအောင် ရုန်းကန်နေရသူများနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်လွတ်စပယ် တိုက်ခိုက်မှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆိုးရွားသော ထိခိုက်မှုများ ကြုံတွေ့ခံစားနေရသော မြန်မာနိုင်ငံ တစ်ဝန်းမှ ပြည်သူများအတွက် မုန်တိုင်းက အခက်အခဲများ ပို၍ ကြုံတွေ့စေကြောင်း ထည့်သွင်းဖော်ပြထားသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် သွားလာခွင့်နှင့် အရင်းအမြစ်များပေးရန်မှာ အရေးပါပြီး အလျင်အမြန်လိုအပ်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် လိုအပ်နေသည့် အရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လျင်လျင်မြန်မြန်၊ လုံလုံခြုံခြုံနှင့် အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံက တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။