Trending Now

ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သားတွေကို ရုရှားက တရားရုံးတင်စစ်ဆေးနေ

Spread the love

ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သားတွေကို ရုရှားက တရားရုံးတင်စစ်ဆေးနေ

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

စစ်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ယူကရိန်းစစ်သား ၂၂ ဦးကို ရုရှားနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မာရီယိုပိုလ် ပင်လယ်ပြင်မှာ ရုရှားတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းထိပ်တန်း လက်နက်ကိုင်တပ်ဖွဲ့ Azov က အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

မနှစ်က ရုရှားက မာရီယိုပိုလ် မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်ဆုံးအကြိမ်အထိ ခုခံတိုက်ခိုက်နေခဲ့တဲ့ မသံမဏိစက်ရုံအတွင်းက ယူကရိန်းတပ်သားတွေဟာ ၂၀၂၂ ခုနှစ် မေလမှာ လက်နက်ချခဲ့ကြပါတယ်။

ရုံတင်စစ်ဆေးခံနေရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားထောက်ခံတဲ့ အာဏာပိုင်တွေကို ဖြုတ်ချဖို့အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်မှုနဲ့ စွဲချက်တင်ထားပါတယ်။

သူတို့အားလုံးကို ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တယ်လို့ အေပီက ဖော်ပြထားပါတယ်။

စွဲချက်တင်ခံထားရသူ ၂၄ ဦးအနက် နှစ်ဦးကို အကျဉ်သားလဲလှယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားက လဲလှယ်ခဲ့ပြီး ကျန်တရားခံ ၂၂ ဦးကိုတော့ ဆက်လက် ရုံးတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။