Trending Now

မုံရွာမြို့နယ် ခိုးသန်းကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရ

Spread the love

မုံရွာမြို့နယ် ခိုးသန်းကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရ

EPN
မုံရွာ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူဟာ မိသားစုနဲ့အတူ နေအိမ်မှာရှိနေတဲ့အချိန် အခုလ ၁၆ ရက်၊ မနေ့က ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ နယ်ခံ ပရဟိသမားတွေထံက သိရပါတယ်။

“သေဆုံးသူက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင် အသက် ၆၃ နှစ်ဖြစ်တယ်၊ ဦးခေါင်းနောက်စေ့၊ လက်ဖျန်၊ ဝမ်းဗိုက်နေရာတွေမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတာ” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေ ပြောတာက” ဦးမြင့်အောင်ဟာ အိမ်မှာရှိနေတုန်း လူငယ် ၃ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး သေနတ်တွေနဲ့ ဝင်ပစ်တာ” လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မုံရွာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရှိပြီး သတ်ဖြတ်သွားသူတွေကို ဖမ်းဆီးရမိရေး မုံရွာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။