Trending Now

အမေရိကန် ဝေဟင်ပိုင်နက်ကို ကျော်ဖြတ်လာတဲ့ မီးပုံးပျံဟာ အရပ်ဘက် မီးပုံးပျံဖြစ်တယ်လို့ တရုတ် ပြော

Spread the love

အမေရိကန် ဝေဟင်ပိုင်နက်ကို ကျော်ဖြတ်လာတဲ့ မီးပုံးပျံဟာ အရပ်ဘက် မီးပုံးပျံဖြစ်တယ်လို့ တရုတ် ပြော

EPN
နိုင်ငံကတာ၊ ဖေဖော်ဝါရီ ၄

အမေရိကန် လေပိုင်နက်ထဲကို အရပ်သား မီးပုံးပျံတစ်ခု လမ်းလွဲသွားတာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဝါရှင်တန်ရဲ့ ထိပ်တန်း သံတမန်ရဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အမေရိကန် သံသယရှိနေတဲ့ မီးပုံးပျံဟာ မိုးလေဝသဆိုင်ရာ ရည်ရွယ်ချက်များအတွက် အဓိက အသုံးပြုလေ့ရှိတဲ့ အရပ်ဘက် မီးပုံးပျံဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မီးပုံးပျံဟာ ပဲ့ကိုင်နိုင်စွမ်း အကန့်အသတ်ရှိနေတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ဝေးကွာသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးပုံးပျံဟာ အမေရိကန်ရဲ့ တိုက်ချင်းပစ် ဒုံးကျည် ၁၅၀ ထားရှိတဲ့ လေတပ်စခန်းအပြင် ထိလွယ်ရှလွယ်တဲ့ စစ်ဘက်ဆိုင်ရာနေရာတွေပေါ်မှာ ပျံသန်းခဲ့တာနဲ့ ပတ်သက်ပြီး မီးပုံးပျံဟာ သူလျှိုမီးပုံးပျံအဖြစ် အမေရိကန်ဘက်က အခိုင်အမာ ယူဆထားပါတယ်။

အခုသီးတင်းပတ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်ဖို့ ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ခရီးစဉ်ကိုလည်း တာဝန်မဲ့မီးပုံးပျံဖြစ်စဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်ကို ရွှေ့ဆိုင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အစေားပိုင်းမှာ အမေရိကန်က F-22 တိုက်လေယာဉ်တွေအပါအဝင် တိုက်လေယာဉ်တွေနဲ့ မီးပုံးပျံကို ပစ်ချဖို့ ပြင်ဆင်ခဲ့ပေမယ့် မြေပြင်ပေါ်က လူတွေကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် အစိုးရက ခွင့်မပြုခဲ့တာလို့ အမေရိကန် ကာကွယ်ရေးအရာရှိက ပြောပါတယ်။

aljazeera
ref; China says balloon over US airspace is civilian airship

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။