Trending Now

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ကိုတွေ့ဆုံ

Spread the love

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ကိုတွေ့ဆုံ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၄

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးပွဲပြင်ပမှာ တရုတ်ထိတ်တန်း သံတမန် ဝမ်ယိက အမေရိကန်ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်တို့ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ဝမ်ယိက အခုသီတင်းပတ်အတွင်း ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံကို ကိုယ်စာပြုကာ တက်ရောက်ခဲ့တာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ သြစတြေးလျ၊ ဂျပန် နဲ့ အိန္ဒိယတို့အပါအဝင် အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေက သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဂျကာတာမြို့တော်မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာပြည်အရေးကိုလည်း ကြေညာချက်ထုတ်ပြန်ဖို့ရှိနေပြီး ဒီလိုဆွေးနွေးနေကြချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘလင်ကန်နဲ့ လက်ဗရော့ဗ်တို့ကို သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဝမ်ယိက ဘလင်ကန်နဲ့ တွေ့ဆုံရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေးပြင်းထန်မှုအခက်အခဲတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘာလီကျွန်းမှာ တွေ့ဆုံစဉ်က ရရှိခဲ့တဲ့ သဘောတူညီကိုတွေကို လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဂတိပြုချက်တွေကိုလည်း လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တမင်တကာ ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အလျှော့အတင်း မလုပ်ဘဲ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်မှုနဲ့ နည်းပညာကို နှိမ်နှင်းတာကို ရပ်တန့်ဖို့၊ တရုတ်နိုင်ငံအပေါ် တရားမဝင် ကျိုးကြောင်းမညီညွတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ လိုအပ်ပါတယ်” လို့ ဝမ်ယိက ပြောကြားခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံထိတ်တန်းအရာရှိတွေက ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံးက ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်နဲ့ ဝမ်ယိတို့က သီးခြား တွေ့ဆုံခဲ့ပြီး “နှစ်နိုင်ငံစလုံးဟာ နိုင်ငံ့ခေါင်းဆောင်တွေ ရရှိထားတဲ့ အရေးကြီးတဲ့ သဘောတူညီမှုတွေကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။၊ မြင့်မားတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေပါတယ်” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

Ref; reuters/CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။