Trending Now

ပြည်ပမှ ပြန်လာကြသူများ သတ်မှတ်ထားသည့်‌နေရာ၌နေထိုင်ရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်

Spread the love

ပြည်ပမှ ပြန်လာကြသူများ သတ်မှတ်ထားသည့်‌နေရာ၌နေထိုင်ရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်
 

EPN
မုံရွာ၊ မတ် ၂၆

ပြည်ပမှ ပြန်လာကြသူများ သတ်မှတ်ထားသည့်‌နေရာ၌နေထိုင်ရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ် ၂၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ထဲတွင် ပြည်ပမှ မုံရွာသို့ပြန်ဝင်လာသူများအတွက် လာရောက် မခေါ်ယူမီအတွင်း မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်ရှိ တန်ဖိုးနည်း အိမ်ယာ အဆောက်အအုံ(၂)လုံးတွင် ခေတ္တနားနေစောင့်ဆိုင်းရန် ကြိုတင်စီစဉ်ထားရှိခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများကို နေအိမ်တွင် (၁၄)ရက် မထားဘဲ သတ်မှတ် ထားသည့် နေရာ၊ဆေးရုံ (facility quarantine) တွင် အထူးကြပ်မတ် စောင့်ကြည့်၍ (၁၄)ရက်တာ သွားလာခြင်း ကန့်သတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ၊
၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့နှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းကြေညာထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် မုံရွာမြို့သို့ ရောက်ရှိ လာသူများကို နေရပ် အသီးသီး သို့ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ပို့ဆောင်၍ ပြန်လာ သူများမှတဆင့် ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် နေအိမ် သို့မဟုတ် သတ်မှတ် နေရာများတွင် နေထိုင်စေပြီး(၁၄)ရက်သွားလာမှု ကန့်သတ်ခြင်း (home/facility quarantine) ဖြင့် စောင့်ကြပ်ကြည့်ရှုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုံရွာမြို့၏ မြို့အဝင်အထွက်နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးအဖွဲ့၊ အရပ်ဖက်အဖွဲ့နှင့် လူမှုရေးအဖွဲ့တို့က မတ် ၂၄ ရက်နေ့စ၍ အရှိန်မြှင့် ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သူရိယထက်
ဓာတ်ပုံ – Thanlar Thaung

မုံရွာသို့ရောက်ရှိလာသော ပြည်တော်ပြန်များအား တိုင်းကျန်းမာတွင် စစ်ဆေးပြီး တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်အမာကြည် မှ ကျန်းမာရေးအတွက်လိုအပ်သည်များအား ပြောဆိုဆွေးနွေးစဉ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။