Trending Now

ချီဖွေ မြို့ အထက (၁)ရှိ Grade – 12 စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကိုတာဝန်ရှိသူများက လိုက်လံစစ်ဆေး

Spread the love

ချီဖွေ မြို့ အထက (၁)ရှိ Grade – 12 စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကိုတာဝန်ရှိသူများက လိုက်လံစစ်ဆေး

EPN
ချီဖွေ၊ မတ် ၇၊ ၂၀၂၄

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေ‌မြို့ အထက (၁)ရှိ Grade – 12 စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

မတ်လ (၁၁) ရက်နေ့တွင် ဖြေဆိုမည့် Grade – 12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများကို ယနေ့၊ နံနက်ပိုင်းက ချီဖွေမြို့နယ်ရှိ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” ချီဖွေ အထက (၁) စာစစ်ဌာနကို ဒီကနေ့မှာ လိုက်လံစစ်ဆေးခဲ့ပါတယ်။ နယ်ဝေးမှ လာရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ
တွေ နေဖို့အတွက် ရေ၊ မီး လိုအပ်တာတွေ ပြုပြင်ပေးတာကို စစ်ဆေးခဲ့တယ် ” ဟု ၎င်းကပြောသည်။

လာမည့် မတ်လ (၁၁) ရက်နေ့တွင် ဖြေဆိုကြမည့် Grade – 12 တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ချီဖွေမြို့မှ (၁၀) ဦး၊ နိုဇွန်ဘော်တိုက်နယ်မှ (၃၀) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၀) ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ချီဖွေခရိုင် အတွင်းက G12 တက္ကသိုလ် ဝင်ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးသည် ချီဖွေ အထက (၁) စာစစ်ဌာနတွင် လာရောက်ဖြေဆိုကြမည်ဖြစ်ပြီး၊ ယင်းအတွက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမည့် အခန်းများ စစ်ဆေးခြင်း၊ ရေ၊ မီး ရရှိရန် လုပ်ဆောင်ပေးခြင်းတို့အား လိုက်လံစစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း (နိုဇွန်ဘော်) ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးရှိကြောင်းနှင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့်သူ (၇) ဦး စုစုပေါင်း (၃၂)ဦးအနက် (၉) ဦး အောင်မြင်ခဲ့ပြီး၊ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် နိုဇွန်ဘော် အခြေခံပညာ အထက်တန်းကျောင်းမှ (၁၂)ဦး ဖြေဆိုရာ (၁၂)ဦး အောင်မြင်ခဲ့သည့်အပြင် ဂုဏ်ထူးဖြင့် အောင်မြင်သူ နှစ်ဦးပါဝင်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။