Trending Now

ကျောက်ဖြူမြို့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူမှ ကတ်ကြေးဖြင့် ထိုး၊ ခင်ပွန်းဖြစ်သူ သေဆုံး

Spread the love

ကျောက်ဖြူမြို့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူမှ ကတ်ကြေးဖြင့် ထိုး၊ ခင်ပွန်းဖြစ်သူ သေဆုံး

EPN
ကျောက်ဖြူ၊ မတ် ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်တွင် မတ်လ ၁၃ ရက်နေ့ မွန်းလဲ ၁၂ နာခွဲအချိန်က လင်မယား စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူကို ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းကြောင့် ခင်ပွန်းဖြစ်သူ သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ အဝေးပြေးကားဝန်းနေ သိန်းထွန်းဝင်း(ခ) ကာတွန့်(ဘ) ဦးသိန်းသိန်း ဝင်း၊ အသက် ၃၂ နှစ်သည် အပြင်မှ အရက်သေစာသောက်စားလာပြီး ဇနီးဖြစ်သူ မခင်စော အသက် ၃၂ နှစ်နှင့် စကားများရန်ဖြစ်ရာက ဇနီးဖြစ်သူမှ အရှည် ၉ လက်မခန့်ရှိ စတီးကတ်ကြေးဖြင့် ၎င်း၏ ခင်ပွန်းဖြစ်သူကို ထိုးခဲ့ သောကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

သို့ဖြစ်၍ ကတ်ကြေးဖြင့်ထိုးခဲ့သူ မခင်စော(ခ)မစောချေအား ဥပဒေအရအရေးယူနိုင်ရေးအတွက် တရားခံဖြစ်သူ ဒေါ်မစောခင်(ခ)မစောချေအား ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PM #EPN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။