Trending Now

သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ အောင်နန်း မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက်တွင် အလှူငွေများ ဆက်ကပ်၊ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် နေ့ဆွမ်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

Spread the love

သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ အောင်နန်း မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက်တွင် အလှူငွေများ ဆက်ကပ်၊ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် နေ့ဆွမ်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄ (၂၀၂၃)

မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်တွင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး၊ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများမှ နေ့ဆွမ်းနှင့် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားတွင် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခန်တိန့်ယိန်းအား အမှုထား ကာ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများ ဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယောယိန်း၊ ဦးတွမ်ပိချင်း၊ ဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးငွါးဆာနှင့် တက်ရောက်လာသူများမှ “ဩကာသ” ကန်တော့ချိုးဖြင့် ဘုရား ကန်တော့ခဲ့ကြပြီး၊ သမိဒ္ဓေါဒယ သီလရှင်ကျောင်း၊ ကျောင်းတိုက် ဆရာကြီး၊ ဆရာလေးများမှ မေတ္တာသုတ် တရားတော်ကို ချီးမြှင့်ပေးခဲ့ကာ ကျောင်းတိုက် ဆရာကြီးထံမှ တရားတော်များကို နာယူဆောက်တည် ခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် နေ့ဆွမ်းဆက်ကပ်ချိန်တွင် ဆရာကြီး၊ ဆရာလေး အပါး (၂၀) ကျော်ကို ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ဧည့်သည်တော်များကို နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများသည် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့များတွင် သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်ရှိ ဆရာကြီး၊ ဆရာလေးများကို နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းလျှက်ရှိကြောင်း သိရသည်။

သီလရှင်ကျောင်းတိုက်တွင် ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းနှင့်ဝထ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် အောင်နန်း မဟာစည် သာသနာ့ ရိပ်သာကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘုရားကို ဖူးမျှော်ကန်တော့ကာ အလှူငွေ (၁၃) သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။