Trending Now

၉၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါ ယမ အခမ်းအနားကျင်းပ

Spread the love

၉၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါ ယမ အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ (၉၈)ကြိမ်မြောက်အပြည်ပြည်ဆိုင် ရာသမဝါယမအခမ်းအနားကို ဇူလိုင်လ ၄ရက် နံနက်၁၁နာရီအချိန်တွင် ဆွတ်ဂျာအိန်ခမ်းမ၌ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတကာသမဝါယမအသင်းများအချင်းချင်းပေါင်းသင်းဆက်ဆံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံဖြိုးတိုးတက်မှုရှိစေရန် ကျင်းရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ အခမ်းအနားမှာ ကချင်ပြည် နယ်အတွင်းရှိ မြို့နယ်အလိုက် ဒေသဆိုင်ရာသမဝါယမအသင်းအဖွဲ့များကိုလည်း စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးအတွက် ထုတ်ချေးငွေဘတ်ဂျက်များကိုလည်း ထပ်မံထုတ်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍရေးနှစ်အတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်သည့် သမဝါယမအသင်းအဖွဲ့များကို ဂုဏ်ထူးဆောင် ဆုတံဆိပ် များပေးအပ်ခဲ့ကြောင်းသိရသည်။

ဒါ့အပြင် COVID19ရောဂါဖြစ်ပွားနေချိန် ကာ လ အတွင်းမှာ အခြေခံစားသောက်ကုန်များကိုလည်း သမဝါယမအသင်းသားများနှင့် ပြည်သူများကို ပြင်ပထက် ဈေးနှုန်းချိုသာစွာရောင်းချဆောင်ရွက်ပေးနေလျက်ရှိကြောင်း ကချင်ပြည်နယ် သမဝါယမဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှူလက် မှုဝန်ကြီး၊ ပြည်နယ်နှင့် မြို့နယ်အလိုက် သမဝါယမ ဆိုင်ရာအဖွဲ့ဝင်များတက်ရောက်ခဲ့ သည်။

ချမ်းမြေ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။