Trending Now

အာဖဂန်နစ္စတန်နိုင်ငံတွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၁ ဦးသေဆုံး

Spread the love

အာဖဂန်နစ္စတန်နိုင်ငံတွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၁ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ မေ ၂၆

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မေလ ၂၅ ရက်နေ့က ကဘူးလ်မြို့မှာ ရှိတဲ့ ဗလီတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မြောက်ပိုင်း မဇာအိုင်ရှားရ် မြို့ပေါ်မှာလည်း ဘတ်စ်ကားတွေ ဆက်တိုက်ပေါက်ကွဲခဲ့မှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့တော် ကဘူးလ်ရှိ ဗလီပေါက်ကွဲမှုအတွင်းမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဗလီကို အရေးပေါ်လူနာတင်ယာဉ် အများအပြား ရောက်ရှိလာခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

ကဘူးလ်မြို့ရှိ တာလီဘန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာတန် ရဲ့ ပြောဆိုချက်အရ ပေါက်ကွဲမှုဟာ ညနေဝတ်ပြုဆုတောင်းပွဲအတွက် လူတွေစုရုံးနေချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အကြောင်းရင်ကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် မဇာအိုင်ရှားရ် မြို့ပေါ်က ဘတ်စ်ကား သုံးစီဟာလဲ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၉ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာဆီဝါဇ်ရီ ကပြောပါတယ်။

တာလီဘန်တို့ အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက နိုင်ငံတစ်ဝှမ်း ဗုံးခွဲတိုက်ခိုက်မှု အရေအတွက် ကျဆင်းသွားပေမယ့် အစ္စလမ် ရမ်ဇာန်လမြတ်တွင်မှာတော့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုတွေဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ တရာဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေမယ့် အိုင်အက်စ် အဖွဲ့ရဲ့ ဒေသဆိုင်ရာ လက်အောက်ခံတွေက ပြုလုပ်တဲ့ လက္ခဏာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။