Trending Now

ဖိလစ်ပိုင်းသမ္မတဟောင်း ရာမို့စ် ကွယ်လွန်

Spread the love

ဖိလစ်ပိုင်းသမ္မတဟောင်း ရာမို့စ် ကွယ်လွန်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၂ ယောက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာမို့စ်(Fidel Ramos) ကွယ်လွန်သွားပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လာပါတယ်။

ရာမို့စ် ဟာ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး ဒီဂျူရီ အဆင့်ကို ရောက်ရှိခဲ့တဲ့ တစ်ဦးတည်းသော တပ်မတော်အရာရှိတစ်ဦးဖြစ်သလို အဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ကို ဖြုတ်ချပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်ပါတယ်။

ရာမို့စ်ဟာ ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် ကိုဗစ်နောက်ဆက်တွဲ ပြဿနာတွေ ခံစားနေရတဲ့အပြင် နှလုံးရောဂါနဲ့ အတိတ်မေ့ရောဂါတွေ ခံစားနေရတာကြောင့် ဆေးရုံကို မကြာခဏ တက်နေခဲ့ရသူတစ်ဦးဖြစ်တယ်လို့ အေပီသတင်းဌာနက ဆိုပါတယ်။

လက်ရှိ ဖိလစ်ပိုင်အစိုးရရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သူကွယ်လွန်တဲ့အတွက် ဝမ်းနည်းကြောင်းသဝဏ်လွာကို ရာမို့စ်ရဲ့ မိသားစုထံ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။