Trending Now

ပြည်နယ်နှင့် တိုင်း အသက် (၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥ် ကချင်ပြည်နယ်အသင်း အနိုင်ရရှိ

Spread the love

ပြည်နယ်နှင့် တိုင်း အသက် (၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥ် ကချင်ပြည်နယ်အသင်း အနိုင်ရရှိ

EPN
နေပြည်တော်၊ မတ် ၁၆ (၂၀၂၄)

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ – ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း အသက် (၂၅)နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ၏ အုပ်စုအဖွင့်ပွဲစဥ်တွင် ကချင်ပြည်နယ်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အသင်းသည် ယမန်နေ့ မတ် ၁၅ ရက်၊ နေ့လည် ၃ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ တနင်္သာရီတိုင်းအ သင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် ၅ ဂိုး ၃ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မတ် ၁၆ ရက်၊ နေ့လည် ၃ နာရီတွင်လည်း အုပ်စုပွဲစဥ်များအဖြစ် နေပြည်တော်ရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် ပဲခူးတိုင်းအသင်းနှင့်ရှမ်းပြည်နယ်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃)တွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း အသက် (၂၅)နှစ်အောက်ဘောလုံး (အမျိုးသား)ပြိုင်ပွဲအား မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃)တို့တွင် မတ် ၁၄ ရက်မှ ၂၉ ရက်အထိ အသင်းပေါင်း ၁၃ သင်းဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။