Trending Now

အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက အထူးအစည်းအဝေး ပြုလုပ်မယ်

Spread the love

အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက အထူးအစည်းအဝေး ပြုလုပ်မယ်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

ကုလသမဂ္ဂ အထွေထွေညီလာခံဟာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း အစ္စလာမစ်အုပ်စု ဟားမတ်စ် တို့အကြားက ပဋိပက္ခကို တုံ့ပြန်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အရေးပေါ် အထူးအစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။

အဲဒီအရေးပေါ် အစည်းအဝေးကို ကြာသပတေးနေ့မနက်မှာ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လူသားချင်းစာနာမှုအတွက် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဂျော်ဒန်နဲ့ တခြားအာရပ်နိုင်ငံတွေဟာ အထူးအစည်းအဝေး ပြုလုပ်ပေးဖို့ အထွေထွေညီလာခံကို တောင်းဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၂ နိုင်ငံဟာ ထောက်ခံမဲပေးခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုကတော့ ဗီတိုအာဏာကို အသုံးပြုခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ထဲမှာ အစ္စရေးရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်နဲ့ ပတ်သက်ပြီး မဖော်ပြထားဘူးလို့ အမေရိကန်က ဆိုပါတယ်။

အဲဒီအထူးအစည်းအဝေးကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ဘယ်နိုင်ငံမဆို တက်ရောက်နိုင်ပါတယ်။ နိုင်ငံအများအပြားဟာ သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

အစ္စရေးက မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ရေးအတွက် ပြင်ဆင်နေတာကြောင့် အာရပ်နိုင်ငံတွေဟာ အစ္စရေးကို ဖိအားပေးလိုပုံရပါတယ်။

source: nhk


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။