Trending Now

(၂)နှစ်ကျော် ရပ်နားထားရသည့် ဧရာ ရုပ်ရှင်ရုံကို ဧပြီလ (၁၇)ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ် သွားမည်

Spread the love

(၂)နှစ်ကျော် ရပ်နားထားရသည့် ဧရာ ရုပ်ရှင်ရုံကို ဧပြီလ (၁၇)ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ် သွားမည်

EPN

မြစ်ကြီးနား ၊ မတ်လ ၂၄

(၂)နှစ်ကျော် ရပ်နားထားရသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာ ရုပ်ရှင်ရုံကို ဧပြီလ (၁၇)ရက်နေ့ (မြန်မာနှစ်ဆန်း တစ်ရက်နေ့) တွင် ကိုဗစ် သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း ဧရာရုပ်ရှင်ရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိ ပြည်တွင်းကူးဆက်ပျံ့ပွားနေသည့် ကိုဗစ်နိုင် မျိုးကွဲ အိုမီခရွန်ရောဂါ အတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသိသာသာ ကျဆင်းလာသည့်အတွက် ရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” လက်ရှိမှာက ကိုဗစ်ကလဲ သိကြတဲ့အတိုင်း သိသိသာသာပဲ လူနာသစ်တွေ့ရှိမှုတွေကော ကျဆင်းလာတယ်၊ ဒီတော့ Stay home ကာလ ဖြတ်ကျော်ခဲ့ရတဲ့ ပြည်သူတွေအတွက် စိတ်အပန်းဖြေလိုရအောင် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ တိုင်ပင်ကြတယ်၊ အခုကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီလ ၁၇ရက်နေ့)မှာ ပြန်လည်ဖွင့်ခွင့်ရခဲ့ပြီဖြစ်တယ်” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ ဧရာရုပ်ရှင်ရုံရှိ ရုံ(၁)တွင် လူဦးရေ (၄၀၀)ခန့် နှင့် ရုံ (၂)တွင် လူဦးရေ (၂၀၀)ခန့် ဝင်ခွင့်ရမှာဖြစ်ပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ကိုဗစ်နိုင်တင်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။