Trending Now

နိုင်ဂျီးရီးယားနိုင်ငံတွင် ဆောက်လက်စ အဆောက်အဦး ပြိုကျမှုကြောင့် လူ ၂ ဦးထက်မနည်းသေဆုံး

Spread the love

နိုင်ဂျီးရီးယားနိုင်ငံတွင် ဆောက်လက်စ အဆောက်အဦး ပြိုကျမှုကြောင့် လူ ၂ ဦးထက်မနည်းသေဆုံး
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃
နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် ယမန်နေ့က သုံးထပ်အဆောက်အဦ လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
လားဂို့စ်မြို့အတွင်းရှိ ဆောက်လက်စအဆောက်အဦ ပြိုကျချိန်တွင် အလုပ်သမား ၅ ဦး ပိတ်မိနေခဲ့ပြီး ၎င်းတို့အနက် ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်များ ပြောဆိုခဲ့သည်။
အဆောက်အဦးပြိုကျမှုကြောင့် လူအသေအပျောက် များနှင့် ပတ်သက်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ လုပ်ဆောင်နေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။
— ကိုးကား —
ဆင်ဟွာ
Photo- ဆင်ဟွာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။