Trending Now

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကြားက ဒုတိယမြောက် အမေရိကန် ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားကို ရောက်ရှိ

Spread the love

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကြားက ဒုတိယမြောက် အမေရိကန် ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားကို ရောက်ရှိ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၄

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေဖြစ်ပေါ်နေတဲ့ကြားက အမေရိကန်ရဲ့ ဒုတိယမြောက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားကို ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထပ်မံရောက်ရှိခဲ့ပါတယ်။

ဆယ်စုနှစ်လေးစုအတွင်း အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော USS Kentucky ဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆိုက်ကပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ထပ်မံရောက်ရှိခဲ့တာဖြစ်ပါတယ်။

USS Annapolis ရေငုတ်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျယ်ဂျု ကျွန်းက ရေတပ်စခန်းကို ဝင်ရောက်ခဲ့ပြီး သတ်မှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ သယ်ဆောင်နိုင်ဖို့ ဝင်ရောက်ခဲ့တာလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

“USS Annapolis ရောက်ရှိလာခြင်းနဲ့အတူ နှစ်နိုင်ငံရေတပ်တွေဟာ ပေါင်းစပ်ကာကွယ်ရေး အနေအထားကို အားကောင်းစေရန်နဲ့
မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် အပြန်အလှန် ဖလှယ်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။” လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

အမေရိကန် USS Kentucky တောင်ကိုရီးယားကို ဆိုက်ကပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မြောက်ကိုရီးယားက သင်္ဘောဆိုက်ကပ်ပြီး နာရီပိုင်းအကြာမှာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွတ်ခဲ့ပြီး အဲ့ဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွတ်ခဲ့ပါတယ်။

USS Annapolis ဟာ USS Kentucky လို နျူလက်နက် တင်ဆောင်ထားခြင်းမရှိပေမယ့် ဆန့်ကျင်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ပွဲတွေမှာ အထူး ကျွမ်းကျင်ပြီး ကိုရီးယား ကျွန်းဆွယ် နိုင်ငံတကာ ရေပြင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေငုတ်သင်္ဘော ဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုအတွင်းမှာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ အတူ ပါဝင်ခဲ့ပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။