Trending Now

ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၏ ခြံစိုက်တောင်သူများလိုအပ်ချက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖြည့်ဆည်းပေး

Spread the love

ရွှေအိုက်ကွင်းရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၏ ခြံစိုက်တောင်သူများလိုအပ်ချက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖြည့်ဆည်းပေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ-၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ပမ္မတီးရပ်ကွက်၊ ရွှေအိုက်ကွင်းရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ ဖေဖော်ဝါရီ ၁၁ ရက်ကသွားရောက်ကြည့်ရှု၍ ခြံစိုက်တောင်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ရွှေအိုက်ကွင်းရှိ ဦးယိန်းယော်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း ဒေသနွားများနှင့် ဒေသဆိတ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု၊ အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ငါးကန်အတွင်း ငါးများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းအပြင် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားသည့် စိုက်ခင်းများနှင့် ဖူးစားပြောင်းစိုက်ပျိုးထားရှိမှု၊ ပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ငွေဖြင့် စိုက်ခင်းများအတွင်း ရေသွင်းထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူဦးယိန်းယော်နှင့် ခြံစိုက်တောင်သူ အစုအဖွဲ့များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးတို့ကို တာဝန်ရှိသူများကို မှာကြား၍ တောင်သူများအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးခဲ့သည်။

၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ်သည် လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုဘဝင်းအတွင်း၌ ခြံစိုက်တောင်သူဦ းစိုးမိုးဝင်း၏ ပျိုးဥယျာဉ်တွင် ကွမ်းသီးပျိုးပင်များ၊ ထောပတ်သီးပျိုးပင်များ၊ ကော်ဖီပျိုးပင်များနှင့် နာနတ်ပွင့်ပျိုးပင်များပျိုးထောင်စိုက်ပျိုးထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့သည် ပြည်နယ်အတွင်း စားရေရိက္ခာ ဖူလုံစေရန် တောင်သူများအား အားပေးတိုက်တွန်း၍ လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။