Trending Now

ကချင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၅ ဘီလီယံနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိ

Spread the love

ကချင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၅ ဘီလီယံနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

ကချင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၅ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ ရက်နေ့ ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်ရှိ ဂိုဒေါင်ကို မူးယစ်သတင်းအရ ရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဆီးရမိသူများထံမှ စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၉ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ လှသိန်းအား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် လည်း ကောင်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအား လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။