Trending Now

ဖျာပုံခရိုင်လေးမြို့နယ်မှာတက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၃၂၇ ကျော် ဖြေဆိုမည်

Spread the love

ဖျာပုံခရိုင်လေးမြို့နယ်မှာတက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၃၂၇ ကျော် ဖြေဆိုမည်

EPN
ဖျာပုံ၊ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းက ၄ မြို့နယ်မှာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊
ကျောင်းသူ ၆၃၂၇ ဦး ဝင်ရောက်ဖြေဆိုဖို့ စရင်းပေးသွား ထားတယ်လို့ ဖျာပုံခရိုင်ပညာရေးမှူးရုံးက သိရပါတယ်။

ဖျာပုံခရိုင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှဧပြီလ ၉ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ဘိုကလေးမြို့နယ် စသည့်မြို့နယ်များကကျောင်းသားကျောင်းသူ စုစုပေါင်း ၆၃၂၇ ဦးဝင်ရောက်ဖြေဆိုသွားဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

”ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက
ပြုလုပ်မယ့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၃၂၇ ဦးဖြေဆိုရန် စာရင်းပေးသွင်းထားတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်တယ်။ လုံခြုံရေးနဲ့ စနစ်တကျ အေးအေးချမ်းချမ်းဖြေဆိုနိုင်ဖို့ကို ဆောင်
ရွက်ထားတယ်။”လို့ ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုခရိုင်အတွင်းက
မြို့နယ်တွေဖြစ်တဲ့ ဖျာပုံမြို့နယ်က ကျောင်းသား၊ကျောင်းသူ ၁၉၉၈ ဦး၊ ကျိုက်လတ်မြို့နယ်ကကျောင်းသား၊ ကျောင်းသူ ၁၂၈၄ ဦး၊ ဒေးဒရဲမြို့နယ်ကကျောင်းသူ၊ ကျောင်းသူ ၁၀၁၅ ဦးနဲ့ဘိုကလေးမြို့နယ် ကကျောင်းသား၊ ကျောင်းသူ၂၀၃၀ ဦး စုစုပေါင်း ၆၃၂၇ ဦးစရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်း သား ကျောင်းသူတွေ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ဖို့နဲ့
တာဝန်ယူ ဆောင်ရွက်ပေးမယ့် တာဝန်ကျ ဆရာ၊ ဆရာမ များရဲ့ လုံခြုံရေးများကိုလည်း စနစ်တကျကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။