Trending Now

ကျေးလက် သားဖွားဆရာမရဲ့ သမီး၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး သတ်ဖြတ်

Spread the love

ကျေးလက် သားဖွားဆရာမရဲ့ သမီး၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး သတ်ဖြတ်

EPN
ဝက်လက်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှာ ဖေဖော်ဝါရီ ၂၀ ရက်၊ မနေ့က ညနေပိုင်းမှာ အကြမ်းဖက်သမားတွေက ကလေးငယ်တစ်ယောက်ကို ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ နယ်ခံ လူမှုကူညီရေး ပရဟိတသမားတွေထံက သိရပါတယ်။

“အသက် ၁၃ နှစ်အရွယ်၊ ၇ တန်းကျောင်းသူ မအိမ့်ကြည်ဖြူခိုင် ဆိုတဲ့ ကလေးမကိုယ် အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး သတ်ဖြတ်သွားတာ” လို့ စေတနာ့ဝန်ထမ်း ပရဟိတသမား တစ်ယောက်က ပြောပါတယ်။

သေဆုံးသူ မအိမ့်ကြည်ဖြူခိုင်ဆိုသူဟာ ကျေးလက် သားဖွားဆရာမ (Non CDM ) ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး၊ မနေ့က သူမ၏ မိခင်ဖြစ်သူမှာ ဝက်လက်မြို့သို့ ဆေးနဲ့ ဆေးပစ္စည်းတွေ သွားရောက်ထုတ်ယူနေစဥ် ညနေပိုင်းမှာ သူမတို့ရဲ့ နေအိမ်ကို အကြမ်းဖက်သမားတွေ ဝင်ရောက်လာပြီး နောက် အကြမ်းဖက်သမားတွေက မအိမ့်ကြည်ဖြူခိုင်အား ပါးစပ်အတွင်း အဝတ်စများ ပိတ်ဆို့ထိုးသွင်းကာ လည်ပင်းနေရာကို ဓားဖြင့် ထိုးသတ်သွားခဲ့တာ ဖြစ်တယ်လို့ သခွတ္တောရွာခံတွေရဲ့ အပြောအရ သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့ရုံးကို EPN က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။