Trending Now

မောင်တောနှင့် ဘူးသီးတောင်တိုတွင်တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂) ဆကို ဆက်လက်ခံစားခွင့်ပြု

Spread the love

မောင်တောနှင့် ဘူးသီးတောင်တိုတွင်တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂) ဆကို ဆက်လက်ခံစားခွင့်ပြု

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မောင်တောမြိုနယ်နှင့် ဘူးသီးတောင်မြိုနယ်တိုတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား အဆိုပါ ဒေသ၏ လက်ရှိအခြေအနေအရ မူရင်းလစာ၏ (၂)ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲအစည်အဝေးအမှတ်စဉ် (၁/၂၀၂၃)၏ ကြိုတင်ခွင့်ပြုချက်အရ ရခိုင်ပြည်နယ်၊ မောင် တောခရိုင်အတွင်းရှိ မောင်တောမြိုနယ်နှင့် ဘူးသီးတောင်မြိုနယ်တိုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား အဆိုပါ ဒေသ၏ လက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ထိုပြင် မောင်တောခရိုင်အတွင်းရှိ မောင်တောမြိုနယ်နှင့် ဘူးသီတောင်မြိုနယ်တိုတွင် တာဝန်ထမ်းဆောင် လျက်ရှိသော နေ့စားအလုပ်သမားများအား အဆိုပါဒေသ၏ လက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက် တစ်ရက်လုပ်ခ ကျပ် ၆၅၀၀ နှုန်းကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက် လက်ခံစားခွင့်ပြုလုက်ကြောင်း ထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။