Trending Now


Spread the love


EPN
မိုးညှင်း၊ မတ် ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၊ နားခါမြောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် တွင် အင်ဗာတာနှင့်ချိတ်ဆက်ထားသည့် ဘက္ထရီအိုးမှ အပူလွန်ကဲပြီးရှော့ဖြစ်ရာမှ အိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးပေါ့ဆသူအိမ်ရှင်အား ဥပဒေနှင့်အညီအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၁၃)ရက်နေ့ မွန်းလွဲ (၁၂)နာရီ (၁၀)မိနစ်အချိန်တွင် မိုးညှင်းမြို့ မရဲစခန်း၌ ဒုရဲအုပ်ထက်ထက်မျိုးအောင်သည် တာဝန်မှူး အဖြစ်ဆောင်ရွက်နေစဉ် နားခါမြောက်ရပ်ကွက် အိမ်အမှတ်(၁၈)နေ ဒေါ်ယဉ်ယဉ်ခိုင်၏ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွါးကြောင်းသတင်းရရှိ


ထို့ ကြောင့် မီးပေါ့ဆသု ဒေါ်ယဉ်ယဉ်ခိုင်(၄၀)နှစ် (ဘ)ဦးဘခင် အိမ်အမှတ်(၁၈) နားခါမြောက်ရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၂၅/၂၀၁၉ ပုဒ်မ (၂၈၅)ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး
—————————————-

အင်ဗါတာနှင့် ချိတ်ဆက်ထားသည့်ဘက္ထရီအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွါး

EPN
မိုးညှင်း၊ မတ် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းမြိ့ု ၊ နားခါမြောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် တွင် အင်ဗာတာနှင့်ချိတ်ဆက်ထားသည့် ဘက္ထရီအိုးမှ အပူလွန်ကဲပြီးရှော့ဖြစ်ရာမှ အိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးပေါ့ဆသူအိမ်ရှင်အား ဥပဒေနှင့်အညီအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၁၃)ရက်နေ့မွန်းလွဲ (၁၂)နာရီ (၁၀)မိနစ်အချိန်တွင် မိုးညှင်းမြိ့ု မရဲစခန်း၌ ဒုရဲအုပ်ထက်ထက်မျိုးအောင်သည် တာဝန်မှူး အဖြစ်ဆောင်ရွက်နေစဉ် နားခါမြောက်ရပ်ကွက် အိမ်အမှတ်(၁၈)နေ ဒေါ်ယဉ်ယဉ်ခိုင်၏ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွါးကြောင်းသတင်းရရှိ
သဖြင့် ဒုရဲမှူးလေးမြင့်၊ ဒုရဲအုပ်ထက်ထက်မမျိုအောင်နှင့်တပ်ဖွဲ့ဝင်များသည် ခရိုင်မီးသတ်ဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးဦးစီးမှူး ဦးဟိန်းမင်းထိုက်နှင့်တပ်ဖွဲ့ဝင်မျ ား နားခါရပ်ကွက်အုပ်
ချုပ်ရေးမှူး ဦးမြင့်အေးနှင့်အဖွဲ့တို့သည် အခင်းဖြစ်ပွါးရာသို့သွားရောက်၍ မီးငြိမ်းသတ်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါ်ယဉ်ယဉ်ခိုင်၏ (၄)ပင်(၂)ခန်း သွပ်မိုး ပျဉ်ခင်း(၂)ထပ်
နံကပ်တိုက်နေအိမ်အတွင်းရှိ အင်ဗါတာနှင့်ချိတ်ဆက်ထားသည့် 3K တံဆိပ်ပါ ဘက္ထရီအိုးကြီးမှ
အပူလွန်ကဲကာ ဝါယာကြိုမှရှော့ဖြစ်ပြီးနေအိမ်တိုင်မှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့သဖြင့် မီးပေါ့ဆသူ ဒေါ်ယဉ်ယဉ်ခိုင်အား အရေးယူပေးပါရန် ဒုရဲအုပ်ထက်ထက်မျ ို း
အောင်မှ တရားလိုပြုလုပ်အမှုဖွင့်ခဲ့သည်။

ထို့ကြောင့် မီးပေါ့ဆသုူ ဒေါ်ယဉ်ယဉ်ခိုင်(၄၀)နှစ် (ဘ)ဦးဘခင် အိမ်အမှတ်(၁၈) နားခါမြောက်ရပ်ကွက် မိုးညှင်းမြိ့ု နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၂၅/၂၀၁၉ ပုဒ်မ (၂၈၅)ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။