Trending Now

မင်းဘူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်

Spread the love

မင်းဘူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်

EPN
မင်းဘူး၊ ဖေဖော်ဝါရီ ၁၈ (၂၀၂၄)

မကွေးတိုင်း၊ မင်းဘူးမြို့၊ ကေလာဿဖတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ပဉ္စမအကြိမ်မြောက်အဖြစ် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်၌ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးနှင့် ရွှေထီးတော် တင်လှူပူဇော်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး၊ တာဝန်ရှိသူများမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

” ဒီစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်တာကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ ကပ်လှူပူဇော်နိုင်ဖို့ စီစဥ်ထားပါတယ်။ ဒါ့ကြောင့် အလှူငွေတွေ ထည့်ဝင်လှူဒါန်းနိုင်ပါတယ် ” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပါဝင်လှူဒါန်းလိုသည့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ အနေဖြင့် ရွှေဆိုင်းများကို ငွေကျပ် ၁၅၀၀၊ ၁၅၀၀၀ ကျပ်၊ ၇၅၀၀၀ ကျပ်၊ ၁၅၀၀၀၀ ကျပ် စသဖြင့် သတ်မှတ်အရွယ်အစားအပေါ်မူတည်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။