Trending Now

ယူကရိန်း မှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာ

Spread the love

ယူကရိန်း မှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာ

EPN
နိုင်ငံတကာ၊ ဧပြီ ၃

မော်စကိုက ယူကရိန်းမြောက်ပိုင်းကိုဖြတ်ပြီး တပ်တွေကို ဆက်လက်ရုပ်သိမ်းနေတာကြောင့် ရုရှားလေကြောင်းနဲ့ ဒုံးကျည်တွေရဲ့ တိုက်ခိုက်မှု လျော့ကျသွားတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ အထွေထွေဝန်ထမ်းတွေက ပြောပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်းမှာ ရုရှားက ယူကရိန်းရဲ့ အဓိက အဆိုပြုချက်များကို နှုတ်ဖြင့် သဘောတူခဲ့ကြောင်း ယူကရိန်း ထိပ်တန်းဆွေးနွေးရေးမှူးက ပြောဆိုခဲ့ပြီးနောက် ရုရှားတပ်များ ပြန်လည် ဆုတ်ခွာလာခြင်းဖြစ်ပါတယ်။

ယူကရိန်းမြို့တော်နားက အဓိကမြို့တွေကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက် ကိယက်ဗ် ဒေသတစ်ခုလုံး ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယူကရိန်း အဏာပိုင်တွေက ပြောပါတယ်။

ကိယက်ဗ်မြို့အနီးရှိ အနီးရှိ ဗူချ မြို့တော်ဝန်က လူပေါင်း ၃၀၀ ကို မြို့တွင်းသင်္ချိုင်းတစ်ခုမှာ မြှုပ်နှံပေးခဲ့ရပြီး လမ်းမများပေါ်တွင် သတ်ဖြတ်ခံရသော ရုပ်အလောင်းများဖြင့် အမှိုက်သရိုက်များ ကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီ က ရုရှားတပ်တွေဟာ ပြန်လည်ဆုတ်ခွာနေသော်လည်း မြေမြှုပ်မိုင်းတွေကို ချန်ထားရစ်ခဲ့ပြီး ကပ်ဆိုးအခြေအနေဖြစ်အောင် ဖန်တီးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားက ယူကရိန်း အမျိုးသမီးအများအပြားကို သတ်ဖြတ်ပြီး သူတို့ရဲ့အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ကိယက်ဗ်မြို့အပြင်ဘက် ကီလိုမီတာ ၂၀ (၁၂ မိုင်) အကွာ အဝေးပြေးလမ်းမပေါ်တွင် ကိုယ်လုံးတီး အမျိုးသမီး ရုပ်အလောင်းများကို တွေ့ရှိခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

Source – Aljazeera

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။