Trending Now

AA အဖွဲ့မှ ပါဒလိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာမေးပွဲဖြေပြီး ပြန်လာသည့် ကျောင်းသား/ သူ (၂)ဦး ဒဏ်ရာရ

Spread the love

AA အဖွဲ့မှ ပါဒလိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာမေးပွဲဖြေပြီး ပြန်လာသည့် ကျောင်းသား/ သူ (၂)ဦး ဒဏ်ရာရ

EPN
စစ်တွေ၊ မတ် ၁၂ (၂၀၂၄)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA အဖွဲ့မှ ယမန်နေ့ မတ် ၁၁ ရက်၊ မွန်းတည့်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသဖြင့် ကျောင်းသား/ သူ (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က AA အဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ကျေးရွာရှိ အ.ထ.က (၇)ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာဖြေဆိုပြီး ပြန်လာသော ကျောင်းသား (၁)ဦးနှင့် ကျောင်းသူ (၁)ဦးတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆေးကုသမှု ခံယူနေရသည့် ကျောင်းသား၊ ကျောင်းသူ (၂)ဦးအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ထောက်ပံ့ပေးကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းအပြင် လုံခြုံရေးအဖွဲ့ဝင်များမှလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ဆက်လက်ဖြေဆိုနိုင်ရန် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။